မြိတ်တွင် ဆေးဝါးဈေးနှုန်း အဆမတန်မြင့်တက်
Dawei Watch
August 19, 2024ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် မြိတ်တွင် ဆေးဝါးဈေးနှုန်း အဆမတန်မြင့်တက်နေကြောင်း ဆေးဆိုင်များနှင့် မြို့ခံအချို့ထံမှ သိရသည်။ ထိုင်းဘတ်နှင့် ဒေါ်လာငွေလဲနှုန်း ဆက်တိုက်မြင့်တက်နေခြင်းကြောင့် ဆေးဝါး အများစု၏ ဈေးနှုန်းလည်း အနည်းဆုံး နှစ်ဆမှ သုံးဆအထိ မြင့်တက်သွားပြီး ဆေးဝါးအချို့မှာ ရှစ်ဆခန့်အထိ ဈေးတက်သွားကြောင်း ဆေးဆိုင်ပိုင်ရှင် အချို့က ပြောသည်။ Amino Acid ပါဝင်သည့် အားဆေးအပါအဝင် အားဆေးအမျိုးအစားအချို့မှာ ပြီးခဲ့သည့်နှစ်လခန့်က တစ်ဘူးလျှင် ကျပ်တစ်သောင်းကျော်မှ လက်ရှိတွင် ကျပ်ရှစ်သောင်းကျော်အထိ ဈေးတက်သွားကြောင်း မြိတ်မြို့ရှိ ဆေးဆိုင်ပိုင်ရှင်ရှင်တစ်ဦးက ဆိုသည်။ “ဆေးဆိုင်တွေ အခြေအနေက တော်တော်ဆိုးတယ်။ ရောင်းပြီး ပြန်စိုက်ရောင်းရတဲ့ အရှုံးခံအခြေအနေအထိ ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ လတ်တလော ကျပ်ငွေတန်ဖိုးထိုးကျသွားသည့် ဇူလိုင်လကုန်ခန့်မှစတင်ကာ ဆေးဝါးဈေးများ အဆမတန် မြင့်တက်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ […]


