စံချိန်တင်ရေကြီးနစ်မြုပ်ခဲ့သည့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများတွင် အကူအညီများလိုအပ်
Dawei Watch
August 2, 2024စံချိန်တင်ရေကြီးနစ်မြုပ်ခဲ့သည့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆေးဝါး၊ စားနပ်ရိက္ခာအပါအဝင် အခြား အကူအညီလိုအပ်ချက် များပြားနေကြောင်း ရေဘေးကူညီနေသူများနှင့် ဒေသခံများထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၁ ရက်နေ့တွင်စတက်လာခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် ၃၁ ပေကျော်အထိ တက်လာကာ နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် မြင့်တက်ခဲ့သည်။ ယင်းကြောင့် တနင်္သာရီမြို့အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်းဒါဇင်ချီ ရေကြီးနစ်မြုပ်ခဲ့ပြီး ဒေသခံအများအပြားမှာ ရေဘေးဒုက္ခဖြင့် ရင်ဆိုင်ခဲ့ရသည်။ စံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းပြန်ကျလာပြီး ဩဂုတ်လ ၂ ရက်နေ့တွင်မူ ၂၇ ပေသို့ရောက်လာကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထိုသို့မြစ်ရေကျလာသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေပြန်ကျသွားပြီး ဆေးဝါး၊ရိက္ခာနှင့် အခြားအကူအညီများ လိုအပ်ချက်များပြားနေကြောင်း ရေဘေးကူညီနေသူများက ဆိုသည်။ တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည့် […]


