ဘုတ်ပြင်း ချောင်းမွန်ရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံး
Dawei Watch
September 6, 2024ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်း-ကော့သောင်း ကားလမ်းပေါ်တွင် တည်ရှိသည့် ချောင်းမွန်ရွာတိုက်ပွဲတွင် KNLA နှင့် PDF ပူးပေါင်းတပ်တို့ဘက်က တစ်ဦးထိခိုက်သေဆုံးသလို စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုများကြောင်း KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကော်သူးလေတပ်မတော် KTLA စစ်ဆေးရေးဂိတ်တို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃ရက် နံနက်ပိုင်းမှစတင်ကာ စစ်ကြောင်းထိုးတိုက်ခိုက်ရာမှ ချောင်းမွန်ရွာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည်။ ချောင်းမွန်ရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များ ဘက်ကလည်း ဝင်ရောက်တိုက်ခိုက်သဖြင့် စက်တင်ဘာလ ၃ ရက်၊ ၄ ရက်၊ ၅ ရက် ညအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် ဒေသခံတို့ထံမှ သိရသည်။ […]


