တနင်္သာရီ ရမ်းဖိုကျေးရွာတိုက်ပွဲတွင် ဗိုလ်ခရင်းတပ်ခေါင်းဆောင် သေဆုံး
Dawei Watch
July 6, 2024ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာအနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားပြီး ဗိုလ်ခရင်းတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ခရင်းသေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။ ဇူလိုင် ၄ရက် မွန်းလွဲ ၂နာရီခွဲခန့်က အင်အား ၈၀ နီးပါးပါသည့် စစ်ကောင်စီစစ်ကြောင်းကို ရမ်းဖိုရွာနှင့် ချောင်းညီကိုကျေးရွာတွင် တော်လှန်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ဇဝဲရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ၅၆၁ မှစစ်ကြောင်းဖြစ်ပြီး ဘန်းလမွတ်ရွာဘက်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။ တော်လှန်ရေးပူးပေါင်းတပ်က ဆွဲမိုင်း ၄လုံးဖြင့်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် မိနစ် ၄၀ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးရဲဘော်က ဆိုသည်။ “သူတို့ဘက်က ထိခိုက်သေဆုံးမှု ဆယ်ဦးထက်မနည်းရှိတယ်လို့သိရတယ်။ သူတို့ဘက်က လေးဆယ်မမ လို […]


