မြိတ်မြို့ပေါ်တွင် ဆိုင်ကယ်စီးသွားလာစဉ် ရိုက်နှက်ခံရမှုများကြုံရ
Dawei Watch
October 4, 2024မြိတ်မြို့ပေါ်တွင် စက်တင်ဘာလနှောင်းပိုင်းကစ၍ ဆိုင်ကယ်စီးသွားလာသူ အရိုက်ခံရမှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွား ကြောင်း ရိုက်ခံရသည့် ကာယကံရှင်၊ ကာယကံရှင်နှင့် နီးစပ်သူများတို့ထံမှ သိရသည်။ အောက်တိုဘာလ ၃ ရက် နေ့လယ်ပိုင်းက တပ်ပြင်ရပ်၊ ပြည်တော်သာဘုန်းကြီးကျောင်း အလှူခံမဏ္ဍပ်အနီးတွင် အမျိုးသမီး တစ်ဦး စီးလာသည့် ဆိုင်ကယ်အား အမျိုးသားတစ်ဦးက တုတ်ဖြင့် လှမ်းရိုက်ခဲ့ကြောင်း ရိုက်ခံရသည့် ကာယကံရှင် အမျိုးသမီးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။ ရိုက်နှက်ခံရစဉ် ဆိုင်ကယ်ဦးထုပ် ဆောင်းထားသဖြင့် ဒဏ်ရာမရသော်လည်း ဦးထုပ်မှာမူ ကွဲကြေ သွားကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ယင်းဖြစ်စဥ်ဖြစ်သည့် နေရာသည် လူပြတ်သဖြင့် ပတ်ဝန်းကျင်က သတိထားမိကြကြောင်း ကာယကံရှင်အမျိုးသမီးက ရေးသားထားသည်။ အဆိုပါအမျိုးသမီးကို Dawei Watch ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပေ။ […]


