မြိတ်တွင် တစ်ရက်တည်း လယ်ကွင်းပြင်နှစ်ခု မီးလောင်
Dawei Watch
March 9, 2024မြိတ်မြို့ ပတ်ဝန်းကျင်တွင် ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်း နှင့် နေ့လယ်ပိုင်းတွင် လယ်ကွင်းပြင်နှစ်ခု မီးလောင်ကြောင်း မြိတ်မြို့ခံများထံက သိရသည်။ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာ ၊ ရတနာရပ်ကွက်ရှိ လယ်ကွင်းပြင်တွင် ယနေ့ နံနက်ပိုင်းမှစတင် မီးလောင်ခဲ့၍ မီးသတ်ကား ခေါ်ယူခဲ့ရပြီး မီးသတ်ကားလေးစီးနှင့် ရွာသားများ ပူးပေါင်း ငြှိမ်းသတ်မှုကြောင့် နေ့လယ်ပိုင်းတွင် မီးငြိမ်းကြောင်း ရွာသားများက ပြောသည်။ “လယ်ပြင် မီးရှို့ရာကနေ မီးများပြီး မီးလောင်သွားတယ်။ မီးငြိမ်းသွားပြီ ဒါပေမဲ့ မီးခိုက အခုထိကျန်နေသေးတယ်” ဟု ကျွဲကူးရွာသားတစ်ဦးက ယနေ့ ညနေတွင် ပြောဆိုသည်။ အလားတူ မြိတ်မြို့၊ ကလွင်ရပ်၊ သုသာန်အနီးရှိ ကွင်းပြင်တွင်လည်း ယနေ့ နေ့လယ်ပိုင်းက မီးလောင်ကြောင်း မြိတ်မြို့ခံများထံကသိရသည်။ “နေ့လယ်လောက်က စလောင်တယ် […]


