ခမောက်ကြီးတွင် စစ်ကောင်စီတပ် ကုန်းကြောင်း၊ ရေကြောင်းသုံးပြီး စစ်ကြောင်းထိုး
Dawei Watch
September 4, 2024ခမောက်ကြီးမြို့တွင် စစ်ကောင်စီတပ်က ဩဂုတ်လ ၂၄ ရက်ကစ၍ ကုန်းကြောင်းအပြင် ရေကြောင်းတို့ အသုံးပြုပြီး စစ်ကြောင်းထိုး ရှာဖွေနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ မလိဝမ်းချောင်းဝတွင် ဩဂုတ်လ ၂၄ ရက်က ရေတပ်သင်္ဘော ကျောက်ချရပ်နား၍ စစ်ကောင်စီတပ်သားများ ကုန်းပေါ်တက်ကာ စတင် စစ်ကြောင်းထိုးကြောင်း ဒေသခံတို့က ပြောသည်။ ကျောက်ချရပ်နား၍ သုံးရက်ကြာပြီးနောက် သင်္ဘောပြန်လည်ထွက်ခွာသွားပြီး စစ်ကောင်စီတပ်သားများမှာ လိုက်ပါသွားခြင်းမရှိဘဲ ကုန်းပေါ်တွင် စစ်ကြောင်း ဆက်လက်ထိုးနေခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ သင်္ဘောထွက်သွားပြီးနောက်တွင် လှေငယ်သုံးစင်း ၊ ပဲ့ချိတ်လှေခြောက်စင်းတို့ဖြင့် စစ်ကောင်စီတပ်သားများ ထပ်မံရောက်ရှိ လာပြီး ခမောက်ငယ်ရွာပတ်ဝန်းကျင် ကျေးရွာများတွင် ယနေ့ စက်တက်ဘာလ ၄ ရက် အထိ ကုန်းပေါ် အပြင် ရေကြောင်း အသုံးပြုကာလည်း စစ်ကြောင်းထိုးရှာဖွေနေကြောင်း ဒေသခံတို့က […]


