ကော့သောင်းတွင် နှစ်ပတ်ကျော်ကြာပြတ်တောက်နေသည့် MPT ဖုန်းလိုင်းပြန်ရ
Dawei Watch
July 5, 2024ကော့သောင်းဒေသတွင် အချိန်နှစ်ပတ်ကျော်ကြာ ပြတ်တောက်နေသည့် MPT ဖုန်းလိုင်းမှာ ဇွန်လ ၄ရက်က ပြန်လည်အသုံးပြု၍ရပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ဇွန်လ ၂၀ရက်ကစပြီး MPT ဖုန်းလိုင်းပြတ်တောက်သွားခြင်းဖြစ်ပြီး ၁၄ရက်အကြာတွင် ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း လိုင်းတည်ငြိမ်မှုမရှိဘဲ အတက်အကျဖြစ်နေဆဲဖြစ်ကြောင်း ကော့သောင်းမြို့က MPT အသုံးပြုသူများက ပြောသည်။ ဖုန်းလိုင်း စပြတ်သည့်နေ့ကစပြီး Logout ဖြစ်သွားသည့် MPT ဆင်းကတ်ဖြင့် လျှောက်ထားသော Kpay နှင့် Wave Pay ကိုလည်း ပြန်လည်အသုံးပြု၍ ရနေပြီဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လိုင်းကတော့ အရင်လိုမငြိမ်ဘဲ အတက်အကျ များနေတာပေါ့။ ဖုန်းလိုင်းပြတ်ကတည်းက Logout ဖြစ်သွားတဲ့ Kpay လည်း ပြန်ဝင်လို့ရသွားပြီ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ကော့သောင်းတွင် ဖုန်းလိုင်း ရက်ရှည်ပြတ်တောက်သွားသည့်အတွက် […]


