ကော့သောင်းတွင် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်
Dawei Watch
February 21, 2025ကော့သောင်းတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညက မိသားစုအတွင်း စကားများရာမှ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ ချမ်းဖန်းကျေးရွာအုပ်စု မပုပြင်ကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ ကျော်နှင့် ၅၀ ခန့်အရွယ် ကိုဝတုတ်ဆိုသူနှင့် သူ၏ဇနီးဖြစ်ကြောင်း ခေါင်းကို ရိုက်ခံရသဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ “ဖြစ်တာကတော့ မိသားစုကိစ္စ စကားများရန်ဖြစ်ကြတယ်လို့ ကနဦးသိရတယ်။ လူသတ်တရားခံ လို့ယူဆရတဲ့ သံသယတရားခံဆိုသူလည်း ထွက်ပြေးနေတယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးပြောသည်။ အထက်ပါဇနီးမောင်နှံ အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး လူသတ်တရားခံဟု ရဲတပ်ဖွဲ့က သံသယရှိသူမှာ သေဆုံးသူကိုဝတုတ်၏ ယောက်ဖ(ညီမယောက်ျား) ဖြစ်ကြောင်း ဒေသခံများကပြောသည်။ ၎င်းသံသယရှိသူမှာ လွန်ခဲ့သည့် တစ်ပတ်ခန့်ကစပြီးအိမ်ပေါ်မှ နှင်ချခံထားရသူဖြစ်ကာ အခင်းဖြစ်သည့်ညတွင် နေအိမ်မှ ဆိုင်ကယ်ယူပြီး ထွက်သွားသည်ကို CCTV မှတ်တမ်းများအရ သိရကြောင်း […]


