ကော့သောင်းတွင် ရေတွင်းဟောင်းထဲ၌ အမျိုးသားတစ်ဦး သေဆုံး
Dawei Watch
April 27, 2024ကော့သောင်းမြို့ ၊ရွှေပြည်သာရပ်ကွက်ရှိ တပင်ရွှေထီးလမ်းတွင် ယနေ့ နံနက်ပိုင်း က အမျိုးသားတစ်ဦး ရေတွင်းဟောင်းတစ်ခုထဲ ဆွဲကြိုး ချကာ သေဆုံးနေကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ ထံမှသိရသည်။ သေဆုံးသူ၏ လည်ပင်းတွင် ရေပုံးကြိုးပတ်နေကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ” အဲဒီရေတွင်းက မသုံးတာကြာပြီ ရေရှားလို့ ပြန်သုံးနေတာ သေသူက စိတ်လည်း သိပ်မမှန်ချင်ဘူး လို့သိရတယ်” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ Dawei Watch က ရရှိထားသည့် ဓာတ်ပုံတွင်အမျိုးသားတစ်ဦး ရေတွင်း အလယ်လောက်တွင် လည်ပင်း ၌ ကြိုး တွဲလောင်းဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။ မည်သည်အကြောင်းရင်းကြောင့် ယင်းသို့ဖြစ်ရသည်ကိုမူ မသိရသေးပေ။ သေဆုံးသူမှာ အသက် ၄၀ ကျော်အရွက်ရှိ ကိုဖိုးလမင်း ဆိုသူဖြစ်ပြီး အလောင်းကို ကော့သောင်းမြို့ ၂ […]


