ရေတပ်သင်္ဘောများ ကင်းလှည့်နေသဖြင့် မီးထွန်းငါးဖမ်းလှေများ ပင်လယ်ပြင်မထွက်ရဲ
Dawei Watch
February 19, 2024ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဘာလိအော်ရွာပင်လယ်ပြင်တွင် စစ်သင်္ဘောများက လိုက်လံ စစ်ဆေးနေသည့်အတွက် မီးထွန်းငါးဖမ်းလှေများ ငါးဖမ်းမထွက်ရဲဘဲ ဖြစ်နေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါပင်လယ်ပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ်သား PDF လေးဆယ်ခန့်က လှေတစ်စီးဖြင့်သွားလာနေသည်ဟု သတင်းထွက်လာပြီးနောက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ မီးထွန်းငါးဖမ်းလှေများကို စစ်သင်္ဘောသုံးစင်းခန့်အပြင် သစ်သားလှေ (သားပေါက်လှေ) ငါးစီးခန့်ဖြင့် လှည့်လည် စစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။ “စစ်သင်္ဘောသုံးစီးနဲ့ ပင်လယ်ပြင်မှာ လိုက်ခေါ်လိုက်စစ်လုပ်နေလို့ မီးထွန်းလှေတွေ ထွက်မရဲတော့ဘူး။ ကျွန်တော့် သူငယ်ချင်းလှေကိုလည်း လာကပ်ပြီး စစ်သွားသေးတယ်။ ကင်းမွန်တွေလည်း တောင်းသွားတယ်” ဟု အဆိုပါ ဒေသခံက ပြောဆိုသည်။ မီးထွန်းငါးဖမ်းလှေများက ပင်လယ်ပြင်တွင် မာကျူရီမီးသီးအကြီး အမြောက်အများဖြင့် မီးထွန်းကာ ကင်းမွန်နှင့် ရေကြည်ငါး (ပါဂျင်းဂျန်) […]


