ကော့သောင်းသို့ သယ်ဆောင်သည့် မူယစ်ဆေးပြား ရှစ်သိန်းကျော်ဖမ်းမိ
Dawei Watch
January 11, 2024ကော့သောင်းမြို့သို့ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးများကို ထားဝယ်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးနှင့် နောက်ထပ် အမျိုးသမီးတစ်ဦးတို့က သယ်ဆောင်လာခြင်းဖြစ်သည်ဟုဆိုသည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာအနီး ပဲခူးဖက်မှလာသည့် အိမ်စီးကားကို ရပ်တန့်စစ်ဆေးစဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် ဦးသူရဝင်းနှင့် ဇနီးဒေါ်အေးသန္တာအောင် အပြင် နောက်ထပ်အမျိုးသမီးတစ်ဦး ဖြစ်သည့် ဒေါ်ဖူးဖူးဝေတို့ လိုက်ပါလာကြောင်း ဆိုသည်။ ကားကို စစ်ဆေးရာ စိတ်ကြွမူးယစ်ဆေးပြား ရှစ်သိန်းကျော် ကာလတန်ဖိုး ကျပ်သိန်း တစ် ၁ဒသမ ၇ ဘီလီယံကျော် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဦးသူရဝင်းတို့ ဇနီးမောင်နှံ နေထိုင်သည့် ထားဝယ်မြို့ […]


