တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
October 27, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဂါဇာဒေသတွင် အစ္စရေးက ညလုံးပေါက် မြေပြင်ထိုးစစ်ဝင်ရောက် ဂါဇာဒေသမြောက်ပိုင်းကို အစ္စရေး စစ်တပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး ဟာမတ်စ်စစ်သွေးကြွတွေရဲ့ ပစ်မှတ်တော်တော်များများကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားလိုက်သည်။ ရက် ၂၀ လောက်ကြာလာခဲ့တဲ့ စစ်ပွဲမှာ အစ္စရေးစစ်တပ်က မြေပြင်ကနေ ပထမဆုံးဝင်ရောက်တိုက်ခိုက်တာပါ။ စစ်ပွဲကို နောက်တဆင့်တက်ဖို့ ပြင်ဆင်တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ တင့်ကားတွေ၊ စစ်ကူတွေနဲ့ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက်သမားတွေကို သုတ်သင်နိုင်ခဲ့သလို ဟာမတ်စ်တို့ရဲ့ အခြေခံအဆောက်အဦးတွေကိုလည်း ဖျက်စီးနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် […]


