အိန္ဒိယနွယ်ဖွါး ဗြိတိန်ဝန်ကြီးချုပ်အသစ်က ချားလ်စ်ဘုရင်ကို သွားရောက်တွေ့ဆုံမည်
diz_admin
October 25, 2022အသက် (၄၂) နှစ်အရွယ် ဝန်ကြီးချုပ်သစ် ဆူနက်ခ် သည် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် ယှဉ်ပြိုင်အနိုင်ရပြီးနောက် ယခုနံနက်တွင် ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ် ခံရပြီ ဖြစ်သည်။ ဝန်ကြီးချုပ်သစ်သည် ဘက်ကင်ဟမ်နန်းတော်ကို သွားရောက်မည်ဖြစ်ကာ ဝန်ကြီးချုပ်တာဝန် စတင် မထမ်းဆောင်ခင် ချားလ်စ် ဘုရင်နှင့် တွေ့ဆုံ မည် ဖြစ်သည်။ ၎င်းသည် သီတင်းပတ် (၇)ပတ်အတွင်း ဗြိတိန်၏ တတိယမြောက် ခေါင်းဆောင်ဖြစ်ကာ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်တွင် ပထမဆုံး မိန့်ခွန်းကို ပြောကြားမည် ဖြစ်သည်။ လက်ရှိဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် သည် ဝန်ကြီးချုပ်အဖြစ် နောက်ဆုံး အစည်းအဝေးကို ပြုလုပ်နေပြီး မကြာခင် တရားဝင်နုတ်ထွက်လွှာကို ဘုရင်ထံသို့ ပို့မည် ဖြစ်သည်။ ဗြိတိန်သည် စီးပွါးရေး စိမ်ခေါ်မှုများ ရှိနေပြီး ယင်းအခက်အခဲများကို ဂုဏ်သိက္ခာရှိစွာ […]


