ကိုဗစ်ကူးစက်ထားသူတစ်ဦးတွေ့၍ ရှန်ဟိုင်းဒစ္စနေပန်းခြံတွင်းမှ ဧည့်သည်များ အပြင်ထွက်ခွင့်မပြု၊ အများအပြားပိတ်မိနေ
diz_admin
November 1, 2022ရှန်ဟိုင်းဒစ္စနေပန်းခြံအတွင်း ကိုဗစ်တွေ့ရှိသဖြင့် တရုတ်၏ ဇီးရိုးကိုဗစ်ပေါ်လစီအရ ပန်းခြံကို အပြင်မှပိတ်ချ လိုက်သည့်အတွက် ဧည့်သည်များစွာ ပန်းခြံအတွင်း ပိတ်မိသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ ကိုဗစ်နဂစ်တစ်(ကူးစက်မှုမရှိတော့ကြောင်း) မပြနိုင်မချင်း ပန်းခြံထဲမှ အပြင်ကို ထွက်ခွင့်ပြုမည် မဟုတ်ကြောင်း ပြည်သူများကို ပြောကြားထားသည်။ ပြီးခဲ့သည့် စနေနေ့က ရှန်ဟိုင်းတွင် ဒေသတွင်းကူးစက်မှု လူနာ ၁၀ ဦးတွေ့ရှိခဲ့ရာမှ ယခုကဲ့သို့ နေရာများစွာကို အသွားအလာ ကန့်သတ်ပိတ်ချမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ တရုတ်၏ အငြင်းပွါးဖွယ် ဇီးရိုးကိုဗစ်ပေါ်လစီအရ လူသန်းပေါင်းများစွာသည် မကြာခဏ အသွားအလာကန့်သတ် lock down ချခံရပြီး ၊ ရံဖန်ရံခါ ထူးခြားသော နေရာများတွင် ပိတ်မိလေ့ရှိသည်။ Lockdown ချခံရပြီဆိုလျှင် လူအများက ရိက္ခာမရှိဘဲ ပိတ်မိနေမည် စိုးသဖြင့် အပြေးအလွှား အလုအယက် စျေးများ […]


