နှစ်သစ်တွင် အခြေခံလုပ်အားခတိုးမြှင့်မည်ဟု ထိုင်းအစိုးရအတည်ပြု
Dawei Watch
December 9, 2023လာမည့်နှစ်သစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အခြေခံလုပ်အားခကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ဒီဇင်ဘာ ၈ ရက်နေ့တွင် အတည်ပြုလိုက်သည်။ တိုးမြင့်လိုက်သော အခြေခံလုပ်အားခသည် ခရိုင်တစ်ခုနှင့် တစ်ခု ကွာခြားမှုရှိပြီး အနိမ့်ဆုံး ဘတ် ၃၃၀ မှ အမြင့်ဆုံး ၃၇၀ အထိရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။ လက်ရှိ အခြေခံလုပ်အားခသည် ခရိုင်အလိုက် ၃၂၈ – ၃၅၄ ဘတ်အတွင်းရှိနေသဖြင့် ပျမ်းမျှ ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ခရိုင်များပေါ်မူတည်၍ ၂ ဘတ်မှ ၁၆ ဘတ်အထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ခရီးသွားမြို့တော်ဖြစ်သော ဖူးခက်က အမြင့်ဆုံး တစ်ရက်လုပ်အားခ ဘတ် ၃၇၀ အထိ ရရှိမည်ဖြစ်ကြောင်း […]


