တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် လီဂျေးမြောင် မီဒီယာများနှင့်တွေ့ဆုံနေချိန် ဓားဖြင့်ထိုးခံရ
Dawei Watch
January 2, 2024တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် လီဂျေးမြောင်မှာ မီဒီယာများကို ဖြေကြားနေချိန်တွင် လည်ပင်းကို ဓားဖြင့်အထိုးခံလိုက်ရကြောင်း ဒေသမီဒီယာများတွင် ဖော်ပြမှုအရသိရှိရသည်။ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင်သည် ဘူဆန်မြို့ရှိ ဆိပ်ကမ်းတစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ယနေ့ (ဇန်နဝါရီ ၂) သွားရောက်ကြည့်ရှုနေစဉ် မီဒီယာများက ရောက်ရှိလာခဲ့ပြီး မေးခွန်းများ မေးမြန်းနေချိန်တွင် လူတစ်ဦးက လီဂျေးမြောင်၏လည်ပင်းကို ဓားဖြင့်ဝင်ထိုးခဲ့ခြင်းဖြစ်သည်။ လီဂျေးမြောင်သည် မြေပြင်ထက်သို့ လဲကျသွားခဲ့သည့်အတွက် ၎င်းကို ချက်ချင်းပင် လေယာဉ်နှင့်တင်ဆောင်ကာ ဆေးရုံသို့ ပို့ပေးလိုက်ပြီး လက်ရှိစစ်ဆေးမှုများအရ ဓားဒဏ်ရာမှာ တစ်စင်တီမီတာမျှသာဖြစ်ကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း ဆရာဝန်များက အသိပေးလိုက်ပြီလည်းဖြစ်သည်။ လီဂျေးမြောင်ကို ဓားနှင့်ထိုးခဲ့သူ အမျိုးသားသည် အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး လီဂျေးမြောင်ကို အသက်သေဆုံးသည်အထိ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့သည်ကို ထင်ထင်ရှားရှား မြင်တွေ့ကြရသည်ဟု Yonhap သတင်းဌာနက […]


