ထိုင်ဝန်ကြီးချုပ်ဟောင်းသက်ဆင် တနင်္ဂနွေနေ့တွင် ပြန်လွတ်မည်
Dawei Watch
February 13, 2024ထောင်ဒဏ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်သည် လာမည့် တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြန်လွတ်လာမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီး Tawee Sodsong က ယနေ့တွင် ပြောကြားသည်။ သက်ဆင်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့် အကျဉ်းသား ၉၃၀ ဦးတွင် ပါဝင်လာမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် စေထာထဝီစင်ကလည်း ပြောသည်။ ပြုပြင်ထိန်းသိမ်းရေးဌာနက ပို့ပေးလိုက်သော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့် အကျဉ်းသား ၉၄၅ ဦးကို အတည်ပြုရာတွင် ၉၃၀ ဦးသည် ကျန်းမာရေးအရ၊ အသက်အရွယ်အရ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကိုက်ညီမှုရှိကြောင်း တရားရေးရာဝန်ကြီးက ဆိုသည်။ သက်ဆင်သည် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရောဂါပေါင်းများစွာကို ခံစားနေရသဖြင့် ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် လပေါင်းများစွာ နေထိုင်နေခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ပြည်ပတွင် ၁၅ […]


