ကွယ်လွန်သွားသူ ပီလီရဲ့အသားတင်ကြွယ်ဝမှုနဲ့ မိသားစုအတွက် ချန်ထားရစ်ခဲ့တဲ့အမွေ
diz_admin
January 8, 2023ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီရဲ့အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပြီး ဒါတွေဟာ တစ်နည်းပြောရရင် သူ့ရဲ့ကျန်ရစ်သူမိသားစုအတွက် အမွေပစ္စည်းအဖြစ် ကျန်ရစ်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ စပိန်သတင်းစာ Marca က ပီလီ ကွယ်လွန်သွားချိန်မှာ ပီလီရဲ့အသားတင်ကြွယ်ဝမှုနဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ သန်း ၁၀၀ အဖြစ် ကျန်ရှိနေခဲ့တယ်လို့ ထုတ်ဖော်ရေးသားလိုက်တာဖြစ်ပါတယ်။ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီဟာ ဘောလုံးကစားသမားဘဝကနေ အနားယူလိုက်ပြီးတဲ့နောက် အားကစားအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ နာမည်ကျော် Puma စီးပွားရေးလုပ်ငန်းစုနဲ့ လက်တွဲအလုပ်လုပ်ခဲ့ပြီး အဲ့ဒီကနေတဆင့် ဝင်ငွေတွေ ရရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပီလီဟာ ၁၉၅၅ ခုနှစ် အသက် ၁၅ နှစ်အရွယ်ကတည်းက ဆန်းတို့စ်အသင်းနဲ့အတူ ဘောလုံးကစားသမားဘဝကို အစပြုခဲ့ပြီး ၁၉၅၆ ခုနှစ်အရောက်မှာ ဆန်းတို့စ်အသင်းက သူ့ကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပီလီဟာ လက်ရှိကမ္ဘာ့ဘောလုံးသမိုင်းထဲမှာ […]


