တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
diz_admin
March 17, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ် ၁၁ ရက်နေ့မှ မတ် ၁၇ ရက်နေ့အထိ ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီမှာ ရေဘေးကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံး လွန်ခဲ့တဲ့လက ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ မြို့နှစ်မြို့မှာ ရေကြီးခဲ့လို့ လူ ၁၄ ဦးသေဆုံးပြီး အများအပြားပျောက်ဆုံးနေတယ်လို့ တာ၀န်ရှိသူတွေကနေ မတ် ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေထဲမှာ ငလျင်လှုပ်ခတ်ပြီးကတည်းက ကုန်သေတ္တာအိမ်တွေထဲမှာ နေထိုင်နေကြရတဲ့ ငလျင်ဘေးကနေ လွတ်မြောက်လာသူတွေလည်း ပါ၀င်ကြောင်းသိရပါတယ်။ ဆန်လူဖာမြို့ လမ်းတွေမှာ ရေကြီးရေလျှံမှုများကြောင့် ကားတွေမျောပါတိမ်းမှောက်ပြီး လူ ၁၂ ဦးသေဆုံးခဲ့တာပါ။ အာဒီယာမန်းမြို့မှာတော့ ကုန်သေတ္တာအိမ်ထဲတွင်နေထိုင်ကြတဲ့ မိသားစုနှစ်စုထဲက နှစ်ဦးသေဆုံးသွားပါတယ်။ ရေကြီးရေလျှံမှုကြောင့် […]


