အင်အားကြီး(နိုင်ငံ)တစ်ခုခု၏ ဝင်ရောက်စွက်ဖက်ခြင်းကို လက်ခံမည်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ်ပြော
diz_admin
April 1, 2023မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အရှေ့တောင်အာရှဒေသတွင်း ရပ်တည်နေသည့် မိမိတို့နိုင်ငံအတွက် ရှေ့ဆက်ဆုံးဖြတ်ချက်များနှင့် အနာဂတ်လမ်းကြောင်းကို ဝင်ရောက်စွက်ဖက်မည့် မည်သည့်အင်အားကြီး (နိုင်ငံ) ကိုမှ ခွင့်ပြုမည် မဟုတ်ကြောင်း မတ်လ ၃၁ရက်နေ့တွင် ပြောကြားခဲ့သည်။ “ဘယ်သူမှ ကျွန်ုပ်တို့ (မလေးရှား) ကို မချုပ်ကိုင်သင့်ပါဘူး။ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ နိုင်ငံတစ်ခုအနေနဲ့ ကျွန်ုပ်တို့အတွက် ဘယ်လိုအရာ အကောင်းဆုံးလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်မှာပါ” ဟု ၎င်း၏ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်၏ သုံးရက်မြောက်နေ့တွင် အန်ဝါက ဘနားမား သတင်းဌာနကို ပြောကြားခဲ့သည်။ “နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ မူဝါဒတွေ တကယ် လုပ်ဆောင်နိုင်အောင် အဓိက တန်ဖိုးထားမှုတွေနဲ့ စည်းမျဉ်းတွေကို အခြေခံပြီး ကျွန်ုပ်တို့ ဆုံးဖြတ်တာပါ” “အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ကို […]


