ထိုင်းနိုင်ငံတွင်း လေထုညစ်ညမ်းမှုဆိုးဝါးလာသည်ကို ဖြေရှင်းရန် မြန်မာနှင့်လာအိုထံ အကူအညီတောင်းခံ
diz_admin
April 8, 2023ထိုင်းနိုင်ငံ၏ နာမည်ကျော် ခရီးသွားနေရာအချို့တွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာနေမှုကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးသည့်အဆင့်များ ဝိုင်းဝန်းဆောင်ရွက်ပေးပါရန် မြန်မာနှင့် လာအို ခေါင်းဆောင်များကို ထိုင်းအစိုးရက တိုက်တွန်းထားသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆုန်စေး ဆီဖန်တုန် နှင့် မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဧပြီလ (၇)ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပြီးနောက် ယခုလို နယ်စပ်ဖြတ်ကျော် ဖြစ်ပေါ်နေသည့် မီးခိုးမြူအန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းရန် အစီအမံများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အနုချာ ဘူရာပါချိုင်စရီ က ထုတ်ပြန်သည်။ ဘန်ကောက်နှင့် ထိုင်းနိုင်ငံတွင်း အခြားသော မြို့ကြီးများမှာ မကြာသေးမီနှစ်များအတွင်း လေထုအရည်အသွေးညံ့ဖျင်းမှုကို ဆက်တိုက် ကြုံတွေ့နေရသည်။ စိုက်ပျိုးမြေ မီးရှို့မှု၊ တောမီးနှင့် မော်တော်ယာဉ်မှ ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုမိုများပြားလာခြင်းကြောင့် ဒီဇင်ဘာမှ ဧပြီလအထိ၊ ပူပြင်းခြောက်သွေ့သောရာသီတွင် […]


