ကင်ဂျုံအန်၏ ချစ်လှစွာသော ကလေးကြောင့် မြောက်ကိုးရီးယားတွင် ပြည်သူများ၏ မကျေနပ်မှု မြင့်တက်ဟုဆို
diz_admin
April 27, 2023မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ “အချစ်ဆုံးကလေး” ဂျူအယ်သည် တန်ဖိုးကြီးသော အဝတ်အစားနှင့်အတူ စည်းစိမ်အပြည့်နေထိုင်နေမှုမှာ အငတ်ဘေးကို ဖြတ်သန်းနေကြရသည့် မြောက်ကိုရီးယားပြည်သူများအတွက် မကျေမနပ်ဖြစ်မှုကို မြင့်တက်လာစေသည်ဟု တောင်ကိုရီးယားမှ လွှတ်တော်အမတ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “မြောက်ကိုရီးယားနိုင်ငံသားအများစုဟာ ပြင်းထန်တဲ့ ကန့်သတ်ချုပ်ချယ်မှုအောက်မှာ နေထိုင်နေ ကြရပါတယ်။ ဒါကြောင့် ခေတ်မီအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ဂျူအယ် ရဲ့ ပျိုမြစ်မှုပုံရိပ်က ပြည်သူတွေကို စိတ်ပျက်စေတာပါ” ဟု တောင်ကိုရီးယားနိုင်ငံ ၊ အမျိုးသား လွှတ်တော် ဆိုင်ရာ ထောက်လှမ်းရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူး ယူးဆန်းဘုမ်း က ပြောကြားခဲ့သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး တံခါးပိတ်သတင်းစာရှင်းလင်းပွဲတွင် ယူး၏ပြောကြားမှုအရ လက်ရှိတွင် အသက် ၁၀နှစ်ဟု ယူဆရသည့် ဂျူအယ်သည် နှင်းလျှောစီးခြင်းနှင့် မြင်းစီးခြင်း ကဲ့သို့သော ငွေကုန်ကြေးကျများသည့် ကိစ္စများကို ပိုင်ဆိုင်ထားပြီး ပညာသင်ကြားမှုကိုမူ နေအိမ်မှသာ ဆောင်ရွက်ကြောင်း […]


