ဗီယက်နမ်တွင် အပူလွန်ကဲမှုနှင့် ဓာတ်အားပြတ်တောက်မှုကြောင့် စျေးဝယ်စင်တာများတွင် အပူရှောင်သူမြင့်တက်
Dawei Watch
June 5, 2023အပူဒဏ် နှင့်အတူ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆမတန် မြင့်တက်လာသည့်အတွက် ဓာတ်အား ပြတ်တောက်မှု မကြာခဏဖြစ်ပေါ်လာသဖြင့် ဗီယက်နမ်နိုင်ငံမြို့တော် ၊ ဟနွိုင်းမြို့နေ ပြည်သူများ အပူရှောင်နိုင်ရန် ရှော့ပင်းမောလ်များသို့ သွားရောက်နေကြရဟု ဗီယက်နမ်သတင်းများက ဖော်ပြကြသည်။ ဗီယက်နမ်သည် မကြာသေးမီရက်သတ္တပတ်များအတွင်း စံချိန်တင်အပူချိန်မြင့်မားလာသည့် တောင်အာရှနှင့် အရှေ့တောင်အာရှတစ်ခွင်ရှိ နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ နေ့အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေချိန်တွင် Aeon စျေးဝယ်စင်တာတွင်း အပူဒဏ်ပြင်းပြင်း ကို အံတုရန် ကြိုးပမ်းသူများ အနက် Bui Manh Duc Tai နှင့် ၎င်း၏ ချစ်သူတို့လည်း အပါအဝင် ဖြစ်သည်။ “ကျွန်တော်တို့အိမ်မှာ ဒီမနက်ကတည်းက မီးမလာတော့ဘူး။ အေးမြတဲ့လေ ရဖို့ ဒီကိုလာခဲ့တာပါ” ဟု Tai က AFP သို့ ပြောကြားခဲ့သည်။ အဆိုပါ စျေးဝယ်စင်တာ၏ ထောင့်တစ်နေရာတွင် […]


