အိန္ဒိယတွင် ပြင်းထန်လှသည့် အပူရှိန်ကိုပြသရန် နေအပူဖြင့် ကြက်ဥကြော်ပြ
diz_admin
April 20, 2023လက်ရှိ အာရှနိုင်ငံအချို့တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန် လွန်စွာ မြင့်တက်လျက်ရှိသည်။ ယင်းသို့ မြင့်တက်နေသည့် အပူချိန်သည် မီးမလိုပဲ ကြက်ဥကို သေချာကြော်နိုင်သည့်အထိ လုံလောက်သော အပူရှိန် ရှိနေကြောင်း ကို အိန္ဒိယနိုင်ငံ ၊ အနောက်ဘင်္ဂလားပြည်နယ် မှ အမျိုးသားတစ်ဦးက သက်သေပြခဲ့သည်။ အင်မတန်ပြင်းထန်လှသည့် အပူလှိုင်းကြောင့် အနောက်ဘင်္ဂလားပြည်နယ်အစိုးရမှ ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာမှုအပြီး ၊ ဧပြီလ ၉ ရက်နေ့က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် “Puchu Babu”အမည်ရ အကောင့်သည် ၎င်း၏ ဝရန်တာ လက်ရန်းပေါ်တွင် အမည်းရောင် မကပ်ဒယ်အိုးကို တင်ကာ ကြက်ဥတစ်လုံးကို နေပူရှိန်ဖြင့် ကြော်ပြနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ပြင်းထန်လှသည့် အပူချိန်ကြောင့် မီးဖိုမရှိသည့်တိုင် ကြက်ဥကို […]


