အိန္ဒိယသုံးဘီး ဝယ်ပြီး ခြောက်လခန့်ကြာသည်အထိ ယာဉ်အထောက်အထား မရသေး
diz_admin
March 30, 2020ထားဝယ်ဒေသရှိ BAJAJ အမျိုးအစား အိန္ဒိယသုံးဘီး ဝယ်ထားသူများ အချိန်ခြောက်လခန့် ကြာသည်အထိ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ မရသေးကြောင်း သုံးဘီးဆိုင်ကယ် ဝယ်ယူထားသူအချို့ထံမှ သိရသည်။ အဆိုပါအမျိုးအစားသုံးဘီးဆိုင်ကယ်ကို ဝယ်ယူထားပြီး လက်ရှိအချိန်ထိ အဝိုင်းနှင့် ယာဉ်ပိုင်ဆိုင်မှုစာအုပ် (အုံနာ ဘုတ်) မရသေးသည့်အတွက် လုပ်ငန်းလိုင်စင်လုပ်မရခြင်း၊ တာဝန်ရှိသူများ ဖမ်းဆီးမည်ကိုစိုးရိမ်နေရခြင်း စသည့် စိုးရိမ်မှုများရှိနေသည်ဟု ပြောဆိုကြသည်။ ယင်းအမျိုးအစား သုံးဘီးကိုဝယ်ယူထားသည်မှာ အချိန် ၅လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ယာဉ်အထောက်အထားမရသေးသဖြင့် ကုမ္ပဏီသို့သွားရောက်စုံစမ်းချိန်တွင်မှ မတ်လကုန်တွင်ရမည်ဟု ပြောဆိုကြောင်း သုံးဘီးပိုင်ရှင်တစ်ဦးဖြစ်သူ ကိုလှသိန်းက ဆိုသည်။ “ဝယ်ထားတာ ငါးလလောက်ရှိနေပြီဆိုတော့ ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ကို အလွဲသုံးစားလုပ်သလို ဖြစ်နေတာပေါ့” ဟု ကိုလှသိန်းက ပြောသည်။ ယင်းကဲ့သို့ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားပြည့်စုံမှသာ ထုတ်ရောင်းသင့်ကြောင်း ၎င်းက ဆိုသည်။ သုံးဘီးဝယ်ယူချိန်က […]


