စခန်းသွင်းစောင့်ကြည့်ရေးစင်တာ အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း တစ်ရာစီ အစိုးရထောက်ပံ့မည်
diz_admin
April 8, 2020ကိုရိုနာရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အလိုက်ဖွင့်လှစ်ထား သည့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် စခန်းသွင်းစောင့် ကြည့်ရေးစင်တာများအတွက် တစ်မြို့ နယ်လျှင် ငွေကျပ်သိန်းတစ်ရာနှုန်း ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။ ပြည်သူလူထုပူးပေါင်း ပါဝင်သည့် စခန်းသွင်းစောင့်ကြည့်ရေးစင်တာများ (Community Based Facility Quarantine) အတွက် ထောက်ပံ့ငွေများ ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး များထံ မကြာမီ ခွဲဝေထောက်ပံ့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်းက ဆိုသည်။ “မြို့နယ်ထဲမှာရှိတဲ ရပ်ကျေးတွေ အဆင့်ဆင့်ကို ခွဲဝေပြီးတော့ ပေးလိုက် ဖို့ဆိုတဲ့ကိစ္စက မြို့နယ်အုပ်ချုပ်ရေးမှူး မှတစ်ဆင့် ဒါကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးဦးကျော်မင်း က ပြောသည်။ တိုင်းအစိုးရ၏ အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး […]


