ကွန်ပျူတာပညာရှင်များ အသင်း ဖွဲ့စည်း
diz_admin
February 19, 2020မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (တနင်္သာရီတိုင်း) အလုပ်အမှုဆောင်အဖွဲ့ကို တိုင်းအတွင်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းဆင်း ၁၆ ဦး ဖြင့် ဇန်နဝါရီလ ၂၉ ရက်က ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)တွင် ဖွဲ့စည်းလိုက် ကြောင်း ယင်းအသင်းထံမှ သိရသည်။ အဆိုပါအသင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ထားဝယ်မြို့မှ ဦးချမ်းမြေ့၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် မြိတ်မြို့မှ ဦးအောင် ဇော်ဦးတို့ကို မဲစနစ်ဖြင့်ရွေးချယ်ခဲ့ ကြောင်း ယင်းအသင်းထံမှ သိရသည်။ “ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ကွန်ပျူတာပညာရှင်လို့ ခံယူပြီး ပါဝင်တာ မဟုတ်ဘူး။ ကွန်ပျူတာပညာရှင် တွေပေါ်လာအောင် အသင်းအနေနဲ့ လုပ် ဆောင်နိုင်ဖို့အတွက်ပါ”ဟု ယင်းအသင်း ဥက္ကဋ္ဌ ဦးချမ်းမြေ့က ဆိုသည်။ လတ်တလောတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက လုပ်ဆောင် နေသည့် လှုပ်ရှားမှုများကို ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး […]


