ထားဝယ်တွင် ဓာတုလွတ် စိုက်ပျိုးရေး စံပြဥယျာဉ် စတင်
diz_admin
February 25, 2020ထားဝယ်တွင် ဓာတုလွတ် စိုက်ပျိုး ရေးစံပြဥယျာဉ် စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံပန်းမာန် စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။ ဓာတုလွှတ် စိုက်ပျိုးရေးစံပြဥယျာဉ် တွင် ကွမ်းရွက်ပင်ကို အဓိက စိုက်ပျိုး မည်ဖြစ်ပြီး ငရုတ်၊ သခွား၊ ချည်ပေါင်၊ ကန်စွန်း၊ ရုံးပတီသီး၊ သရက်စသဖြင့် နှစ်ရှည်ပင်နှင့် နှစ်တိုပင်များကို စိုက်ပျိုး သွားမည်ဖြစ်ကြောင်း အထက်ပါအသင်းမှ (နည်းပညာ၊ ဆေးဝါး၊ မြေဩဇာ) ဒေသအကြံပေး ဦးအောင်ကျော်မျိုးက ပြောသည်။ “ကျွန်တော်တို့ ဓာတုလွတ် စံပြ ဥယျာဉ်ဆိုလုပ်လိုက်တယ်ဆိုရင် မည်သည့် တောင်သူမဆို လာပြီးတော့ လေ့လာ နိုင်အောင်၊ ဒေသမှာ စားသုံးသူလူတန်း စားတစ်ရပ်လုံး ဓာတုကင်းလွတ်သီးနှံစား သုံးပြီး ကျန်းကျန်းမာမာ လူတန်းစား တစ်ရပ်ဖြစ်လာအောင် ရည်ရွယ်တယ်”ဟု ကိုအောင်ကျော်မျိုးက ဆိုသည်။ […]


