ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

နှာခေါင်းစည်းမတပ်သူများကို စတင်အရေးယူ

diz_admin

May 11, 2020

တနင်္သာရီတိုင်းဒေသကြီးတွင် လမ်းထွက်ချိန် နှာခေါင်းစည်းမတပ် သူများကို မေလ ၈ ရက်နေ့မှ စတင် အရေးယူလျက်ရှိသည်။ အပြင်ထွက်ချိန် နှာခေါင်းစည်း မတပ်ပါက အရေးယူမည့်အကြောင်းကို ဧပြီလအစောပိုင်းတွင် စာထုတ်ညွှန် ကြားခဲ့သည်။ ထိုသို့ စာထုတ်ပြီးစ အချိန်က လိုက်နာသူများခဲ့သော်လည်း နောက်ပိုင်းတွင် အများစုက လိုက်နာမှု မရှိကြတော့ပေ။ ထိုအချိန်က ဖမ်းဆီးကြပ်မတ်ခြင်း ကို ရက်ပိုင်းသာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ယင်းသို့သောအခြေအနေတွင် နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်က ထိထိရောက်ရောက် အရေးယူတော့မည့် အကြောင်း မေလ ၇ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နှာခေါင်းစည်းမတပ်ပါက ဖမ်းဆီး ပြီး ကျပ်ငါးထောင်နှင့် ညီမျှသည့် Mask (နှာခေါင်းပိတ်) များ ပြန်ပေးမည့်ပုံစံဖြင့် အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့် […]

စားသောက်ကုန်လုပ်ငန်းနှင့် အလုပ်သမားအရေး ပြဿနာ ဖြစ်နိုင်သော လုပ်ငန်းများကို ဦးစားပေး စိစစ်နေဟုဆို

diz_admin

May 11, 2020

တနင်္သာရီတိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများအနက် စားသောက်ကုန်လုပ်ငန်းနှင့် အလုပ် သမားအရေး ပြဿနာဖြစ်နိုင်သည့် လုပ်ငန်းများကို ဦးစားပေး စိစစ်နေသည် ဟု တနင်္သာရီတိုင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီး ဌာနထံမှ သိရသည်။ တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၅၅၆ ရုံအနက် အဓိက ဦးစားပေး စစ်ဆေးရမည့် အလုပ်ရုံ ၂၃၆ ရုံ ရှိကြောင်း သိရသည်။ ပူးပေါင်း စစ်ဆေးရေး အဖွဲ့ ၅ ဖွဲ့ ဖြင့် ခရိုင်အလိုက်စစ်ဆေးမှုများ ပြုလုပ် နေပြီး မေလ ၅ ရက်နေ့ထိ ၁၆၈ ရုံကို စစ်ဆေးပြီးဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။ “ထားဝယ်မှာကတော့ သတ်မှတ် ချက်နဲ့ […]

တနင်္သာရီ ကိုဗစ် ဘဲဥ မကွဲစေ ချင်ပါ

diz_admin

May 11, 2020

တစ်ကမ္ဘာလုံးတွင် ကိုဗစ်ရောဂါ ကူးခံစားထားရသူ သန်းချီရှိနေပြီဖြစ် သော်လည်း တနင်္သာရီတိုင်းကို ဘဲဥမကွဲ စေချင်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါပိုးကူးစက်သူ မရှိသေးပေ။ ထိုအနေအထားအတိုင်း ဆက်လက် ထိန်းထားနိုင်ရန် ကိုရိုနာရောဂါပိုး ကာကွယ်ရေးနှင့် ပတ်သက်သည့် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်နေခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။ တနင်္သာရီတိုင်းတွင် အခြားတိုင်း နှင့် ပြည်နယ်များနည်းတူ ညမထွက်ရ အမိန့်၊ ပါဆယ်သာရောင်းချစေသည့် အမိန့်၊ လူစုလူဝေးမလုပ်ရန် တားမြစ် သည့်အမိန့် ၊ ယာဉ်လိုင်းများရပ်နားထား စေသည့်အမိန့် အစရှိသည့် အမိန့်များကို ထုတ်ပြန်ထားသည်။ ထိုသို့ထုတ်ပြန်ထားသည့် အမိန့် ကို ဖောက်ဖျက်သူများလည်း ရှိနေဆဲ ဖြစ်ပြီး အရေးယူကြပ်မတ်မှု အားနည်း သည်ဟု ပြောဆိုဝေဖန်မှုများလည်း ရှိသည်။ […]

ကိုဗစ်ကာကွယ်ရေး ဖောက်ဖျက်မှု ၇၀ ကျော်

diz_admin

May 11, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ထိန်းချုပ်ရေးအမိန့်ကို ဖောက်ဖျက်၍ အရေးယူခဲ့သည့်အမှုပေါင်း ၇၀ ဝန်းကျင် ရှိကြောင်း တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ကိုဗစ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် ဖောက်ဖျက်သည့် အတွက် ဖမ်းဆီးအရေးယူခဲ့သည့်အမှု အရေအတွက် ၆၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် ထင်ရှား သည့်အမှု ၇ မှုရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ မြိတ်မင်္ဂလာဆောင်ကိစ္စ၊ ရေဖြူ ဘုန်းကြီးပျံပွဲကိစ္စ၊ ကော့သောင်း မလိဝမ်း ရှိ စောင့်ကြည့်စခန်းတွင် ခြိမ်းခြောက် ပြောဆိုပြီး စောင့်ကြည့်စခန်းမှ ထွက်သွား သည့်ကိစ္စ၊ မြိတ်တွင် ကျန်းမာရေးအစစ် ဆေးမခံသည့် လိုင်စင်မဲ့ကားကိစ္စ၊ ထိုင်း နိုင်ငံမှ ကော့သောင်းသို့ ပဲ့ချိတ်ဖြင့် ခိုးဝင်လာသည့် ကိစ္စ၊ မြိတ်ကေတီဗွီ […]

ဒေါက်တာလဲ့လဲ့မော်အမှု မေ ၂၂ တွင် အမိန့်ချမည်

diz_admin

May 11, 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အမှုကို မေလ ၂၂ ရက်နေ့တွင် အပြီးသတ်အမိန့်ချ တော့မည်ဖြစ်သည်။ တရားစတင်စွဲဆိုချိန်မှ ၁၄ လခန့် အကြာတွင် အပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်သည်။ အမှု၏ ၆၂ ကြိမ်မြောက်ရုံးချိန်းဖြစ် သည့် မေလ ၈ ရက်နေ့တွင် အမှုနှင့်ပတ်သက် ၍ နှစ်ဘက်အပြီးသတ်လျှောက်လဲချက် ကြားနာပြီးနောက် အမိန့်ချမည့်ရက်ကို ချိန်းဆိုလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု လေးမှုဖြင့် စွဲချက်တင် ထားပြီး ယင်း အမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီ တာဝန်ရှိသူများ ပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ […]

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နောက်ဆုံးအခြေအနေ

diz_admin

May 11, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မေလ ၇ ရက် နေ့က ပြုလုပ်ခဲ့သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကိုဗစ်ရောဂါနှင့် ပတ်သက် ၍ တိုင်းအစိုးရက ပြင်ဆင်ထားမှုများ၊ တပ်မတော်ဘက် က ပြင်ဆင်ထားမှုများ၊ လျှပ်စစ်မီးအခမဲ့သုံးစွဲခွင့်ကိစ္စများကို ရှင်း လင်းခဲ့သည်။ ယင်းရှင်းလင်းချက် များကို ကောက်နုတ်ဖော်ပြလိုက်သည်။ စောင့်ကြည့်စခန်း အခြေအနေ တနင်္သာရီတိုင်းအတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၄၅၀၀ ကျော် နှင့် ပြည်တွင်းစောင့်ကြည့်/သံသယ လူနာ ၁၈၃၂ ဦး ရှိပြီး Community Based Facility Quarantine (လူထု အခြေပြု စောင့်ကြည့်စခန်း) ၄၃၉ ခုတွင် ထားရှိကြောင်း တိုင်းအစိုးရက ထုတ်ပြန် […]

နှာခေါင်းပိတ်မတပ်က ထိထိရောက်ရောက် အရေးယူတော့မည်ဟုဆို

diz_admin

May 7, 2020

လမ်းထွက်ချိန် နှာခေါင်းပိတ်မတပ်ပါက ထိထိရောက်ရောက် အရေးယူတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ နှာခေါင်းပိတ်မတပ်သူများကို မေလ ၈ ရက်နေ့က စတင်ကာ မြို့နယ်အလိုက် ထိထိရောက်ရောက် အရေးယူတော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နှာခေါင်းပိတ်မတပ်ပါက ဖမ်းဆီးပြီး ကျပ်ငါးထောင်နှင့် ညီမျှသည့် Mask (နှာခေါင်းပိတ်) များ ပြန်ပေးမည့်ပုံစံဖြင့် အရေးယူမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ အပြင်ထွက်ချိန် နှာခေါင်းပိတ်မတပ်ပါက အရေးယူမည့်အကြောင်းကို ဧပြီလအစောပိုင်းတွင် စာထုတ်ညွှန်ကြားခဲ့သည်။ထိုသို့ စာထုတ်ပြီးအချိန်က လိုက်နာသူများခဲ့သော်လည်း နောက်ပိုင်းတွင် အများစုက လိုက်နာမှုမရှိကြတော့ပေ။ ထိုအချိန်က ဖမ်းဆီးကြပ်မတ်ခြင်းကို ရက်ပိုင်းသာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ နှာခေါင်းစည်းမတပ်သူများကို စတင်အရေးယူ ယင်းသို့သောအခြေအနေတွင် နှာခေါင်းပိတ်မတပ်ဘဲ အပြင်ထွက်က ထိထိရောက်ရောက်အရေးယူတော့မည့်အကြောင်း မေလ ၇ […]

ကွင်းထဲမှ ကျူအခက်အခဲ

diz_admin

May 5, 2020

တစ်ရွာနှင့်တစ်ရွာ အခက်အခဲကား မတူကြပါ။ ကျူခြင်းဟု လူအများအလွယ်ခေါ်လာကြသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် တစ်ရွာနှင့်တစ်ရွာ မတူညီသော အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရသည်။ ကျောင်းအဆောက်အအုံ တစ်ခုသာရှိသော မူလတန်းအဆင့်ကျောင်းသာရှိသော ကျေးရွာများတွင် အမျိုးသား၊ အမျိုးသမီးများကို တစ်ဆောင်တည်းတွင်ထားရှိနေရခြင်း၊ စောင့်ကြည့်ခံနေရသူများသည် မိသာစုများနှင့်ပင် စကားပြောခွင့်မရခြင်းစသည်တို့ ဖြစ်နေကြသည်။ ထမင်းလာပို့ချိန် သတ်မှတ်ထားသော ခြောက်ပေအကွာအဝေးမှ မိသားစုနှင့် စကားပြောခွင့်ကိုပင် စောင့်ကြည့်ရေးစခန်း တာဝန်ရှိသူတို့ကခွင့်မပြုကြောင်း လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာတွင် စောင့်ကြည့်ရေးစခန်းဝင်နေသူ ကိုသံလုံးက ပြောသည်။ “ကျွန်တော်တို့မှာ အိမ်က စားစရာတွေလာပို့အချိန်မှပဲ မိသားစုနဲ့ စကားပြောခွင့်ရတာလေ။ အဲတာကိုမှ သူတို့ကစကားပြောလို့မရဘူးတဲ့။ အဲတာက လူတစ်ယောက်ရဲ့အခွင့်အရေးကို လိုက်ပြီး ပိတ်ပင်သလိုဖြစ်နေတယ်”ဟု ကိုသံလုံးက ဆိုသည်။ အမျိုးသမီးများ ကိုယ်၊ စိတ်လုံခြုံမှုရှိစေရန်အတွက် စောင့်ကြည့်ရေးစခန်း အဆောင်တစ်ခုတည်းတွင် အမျိုးသား၊ အမျိုးသမီးအတူထားခြင်း မပြုလုပ်သင့်ကြောင်း […]