မြေအကွက်ရိုက်ရောင်းချနေသူများကို အမြန်ဆုံးအရေးယူမည်ဟု တိုင်းအစိုးရ ထပ်ပြော
diz_admin
January 4, 2021လယ်ယာမြေပေါ် ခွင့်ပြုချက်မဲ့ အခြားနည်းအသုံးပြုနေခြင်းနှင့် စီးပွားဖြစ် မြေအကွက်ရိုက်ရောင်းချနေသူများကို အမြန်ဆုံး အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသည့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ လုပ်ဆောင်နေသူများအား သက်ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ မည်ကဲ့သို့ ဖော်ထုတ်အရေးယူကို မေးမြန်းနိုင်ရန် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့်မေးမြန်း ခွင့်မရခဲ့ပေ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်မောင်ကလည်း တရားမဝင်မြေအကွက်ရိုက်ရောင်းချပါက ကျောသား ရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် ရောက် အရေးယူမည်ဟု ပြောဆိုထားသည်။ သို့သော် လက်ရှိအချိန်ထိ သစ်ပင်အပြောင်ရှင်းပြီး မြေအကွက်ရိုက်ရောင်း ချမှုများ […]


