ကိုဗစ်ကြောင့် ဆားဈေး တစ်ရာကျပ်ခန့် ကျ
diz_admin
January 12, 2021ထားဝယ်ဒေသထွက် ဆားဈေးမှာ ကိုဗစ်ကပ်ဘေးအတွင်း တစ်ပိဿာလျှင် ကျပ်တစ်ရာခန့် ကျဆင်းသွားခဲ့ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ စုံစမ်း သိရှိရသည်။ ယမန်နှစ်က ဆားအထွက်များခဲ့သော်လည်း ကိုဗစ်ကပ်ဘေးအတွင်း ငါးဆားထိုး အသုံးပြုမှုနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း စသည့် အကြောင်းများကြောင့် ဆားဈေး တစ်ပိဿာလျှင် ၅၀ ကျပ်မှ ၁၀ဝ ကျပ်ခန့် အထိ ကျဆင်းသွားသည်။ ယခင်က နေလှန်း ဆားချော တစ်ပိဿာလျှင် ကျပ် ၂၆၀ မှ ၂၈၀ အထိ ရှိခဲ့သော်လည်း ယခုအခါ တစ်ပိသာလျှင် ၁၈၀ ကျပ်ခန့်သာ ရှိသည်ဟု ထားဝယ်မြို့ အခြေစိုက် ရွှေပြည်သာ ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောကြားသည်။ “ဈေးကျတာက ဆားထွက်တဲ့ ရာသီကလည်း နီးလာပြီလေ။ နောက်ပြီး ခါတိုင်းနှစ်နဲ့စာရင် ဆားအသုံးလည်း နည်းတယ်ပေါ့” […]


