ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစခန်းမှ ကြိုတင်မဲများ အိမ်တိုင်ရာရောက် ကောက်ခံမည်

diz_admin

November 5, 2020

ထားဝယ်မြို့နယ်အတွင်းရှိ ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းချထားသည့် ဧရိယာနှင့် ကွာရန်တင်းစခန်းများတွင် နေထိုင်သူများ၏ ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသွားရန် စီစဉ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုများသည့်အတွက် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေရာအချို့တွင် လော့ဒေါင်းချထားသည်။ အဆိုပါ လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစင်တာများတွင် ရှိနေသူများ ကြိုတင်မဲပေးနိုင်ရန် ကော်မတီတစ်ခုဖွဲ့စည်းထားပြီး နိုဝင်ဘာလ ၅ရက်နေ့ နောက်ဆုံးထားကောက်ခံသွားမည်ဟု မြို့နယ်ရွေးကော် ဥက္က္ကဌ ဦးစိုးလွင်က ဆိုသည်။ “PPE အင်္ကျီတွေ၊ ကာကွယ်နိုင်တဲ့ ပစ္စည်းတွေပေါ့နော်၊ အားလုံးဝတ်ဆင်ပြီး လော့ဒေါင်းထဲဝင်ပြီး ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ကြိုတင်မဲ ကောက်မယ်ခင်ဗျား” ဟု ဦးစိုးလွင်က ဆိုသည်။ ကွာရန်တင်းစခန်းများတွင် ကွာရန်တင်းဝင်မည့် လူဦးရေအပေါ်မူတည်ကာ ကြိုတင်မဲပေးသူ တိုးလာနိုင်သေးကြောင်း မြို့နယ်ရွေးကော်အဖွဲ့ခွဲထံမှ သိရသည်။

တနင်္သာရီတိုင်းရွေးကောက်ပွဲ သောင်းပြောင်းထွေလာ

diz_admin

November 4, 2020

ကိုဗစ်ကပ်ဘေးကြားမှ ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်းမှ ကိုယ်စားလှယ်လောင်း ၂၂၆ ဦး ဝင်ပြိုင်ကြမည်။ ပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ငါးဦးတို့က တနင်္သာရီတိုင်းအတွင်းရှိ ကိုယ်စား လှယ်နေရာ ၄၃ ခုအတွက် ဝင်ပြိုင်ကြမည် ဖြစ်သည်။ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခွင့်ကို နှစ်လကြိုတင်၍ ခွင့်ပြုထားခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်ခဲ့သည့် မဲဆွယ်စည်းရုံးရေးကာလအတွင်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် အဆီအငေါ်မတည့်မှုများကို ဖော်ပြပါမည်။ ကိုဗစ်အန်တု အင်အားပြမှုလက်ရှိတွင် အာဏာရ NLDပါတီ အပါအဝင် ပါတီအများစုက အင်အားပြ မဲဆွယ်ပွဲများကို ကိုဗစ်ကပ်ဘေးကြားမှ အဆက်မပြတ် ပြုလုပ်နေကြသည်။ ကိုဗစ်ကပ်ဘေးကြောင့် လူအစု အဝေးဖြစ်စေမည့် ပွဲလမ်းသဘင်၊ ရိုးရာပွဲ၊ အခမ်းအနားများ ကျင်းပခြင်းကို တားမြစ်ထားသော်လည်း […]

ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ်သတ်မှတ်မည်မဟုတ်

diz_admin

November 3, 2020

ကြိုတင်ဆန္ဒမဲများ ပေးရာတွင် မဲလက်မှတ်များ ထည့်သွင်းသည့် စာအိတ်များ မလုံခြုံနေခြင်း၊ အချို့စာအိတ်များတွင် ကော်သုတ်၍ ပိတ်ရာ၌ မဲလက်မှတ်များကို အစွန်းအထင်းဖြစ်ပေါ်စေခြင်းများ ရှိခဲ့ပါကလည်း ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ အလားတူပင် စာအိတ်များကို တာဝန်ရှိသူများက ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲလက်မှတ်သည် စုတ်ပြဲနိုင် ခြင်းတို့ကြောင့်လည်း ယင်းမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ် ဆိုသည်။ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ ကြိုတင်မဲပေးခွင့်ပြုခဲ့ရာတွင် စာအိတ်များ ပွင့်ဟနေသည့် ပြဿနာအချို့ ပေါ်ပေါက်ခဲ့သည်။ အလားတူပင် တံဆိပ်တုံးထု၍ မဲပေးစေခြင်းနှင့် ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ မဲပေးစေခြင်းဟူ၍ နှစ်မျိုးနှစ်စား ကွဲလွဲနေမှုများလည်း ရှိခဲ့သည်။ တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည် […]

ထားဝယ်လျှပ်စစ်ဈေး ပြင်ဆင်ရန်ရှိ

diz_admin

November 3, 2020

ယခုလမှစကာ ထားဝယ်လျှပ်စစ် ယူနစ်ဈေးနှုန်းကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီထံမှ သိရသည်။ ယခုဘဏ္ဍာနှစ် ပထမခြောက်လဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိ ဒေါ်လာငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ် သတ်မှတ်ထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနထံမှ သိရသည်။ ထိုကြောင့် ယခင်ဘဏ္ဍာနှစ် ငွေလဲ လှယ်နှုန်းထားထက် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၅ ကျပ် လျော့နည်းသွားသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၅၃၅ ကျပ်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိသတ်မှတ်ထားသည့် ဒေါ်လာ ငွေလဲလှယ်နှုန်းထားနှင့် တွက်ချက်ကာ တစ်ယူနစ်ကေက်ခံမည့်နှုန်းထားကို တိုင်းအစိုးရထံ အောက်တိုဘာလ ၂၆ ရက်နေ့က တင်ပြထားကြောင်း Petro & […]

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည်

diz_admin

November 2, 2020

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံ ဆောက်မည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲရုံအများစုကို စာသင်ကျောင်းများတွင် ပြုလုပ်ပြီး အချို့စာသင်ကျောင်းများတွင် အခန်းကျဉ်းသဖြင့် ယာယီမဲရုံများ ထပ်မံဆောက်လုပ်ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ “ကိုဗစ်ဆိုတော့ Social Distancing (လူချင်းခပ်ခွာခွာနေခြင်း) နဲ့ ခုနပြောတဲ့ ခြောက်ပေလည်းခြားအောင်၊ လေဝင်လေ ထွက်လည်းကောင်းအောင် လျှို့ဝှက်စွာနဲ့ လွယ်ကူစွာ မဲပေးလို့ရအောင် အဲလိုလုပ် ပေးတာ” ဟု တာဝန်ရှိသူက ဆိုသည်။ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၃၀ဝ မှ ၃၀ဝ၀ အတွင်းရှိလျှင် မဲရုံတစ်ရုံ သတ်မှတ်သည်ဟု တာဝန်ရှိသူက ပြောသည်။ မဲစာရင်းပြုစုစဉ်က မဲဆန္ဒရှင်စာရင်းနှင့် မဲရုံစာရင်းကို လျာထားသည့်အတိုင်းသာ ဆောက်လုပ်ခြင်းဖြစ်ပြီး ထပ်တိုး ဆောက်လုပ်ခြင်းမဟုတ်ဟု ၎င်းက […]

အိမ်ရှေ့ ပြင် လော့ဒေါင်းဧရိယာအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၄၀ နီးပါး ရှိလာ

diz_admin

November 2, 2020

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် လော့ဒေါင်းချထားသည့် ဧရိယာအတွင်းမှ လူ ၃၇ ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ အဆိုပါရပ်ကွက်ရှိ အဝေးပြေး ကားဝင်းတစ်ခုလုံး၊ အဝေးပြေးကားဝင်းသို့ သွားသည့်လမ်းရှိနေအိမ်များနှင့် နှင်းဆီလမ်းကို အောက်တိုဘာလ ၁၄ ရက် နေ့ ညနေပိုင်းက လော့ဒေါင်းချထားခဲ့ ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက် နေ့အထိစာရင်းဖြစ်သည်။ လော့ဒေါင်းချထားသည့် ဧရိယာများအနက် နှင်းဆီလမ်းတွင် ပိုးတွေ့လူနာအသစ် မထွက်တော့သည့်အတွက် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လော့ဒေါင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥက္ကာက ဆိုသည်။ ထားဝယ်မြို့ပေါ် ညီအစ်ကိုချင်း လူသတ်မှု မမိသေး ထိုကြောင့် အဝေးပြေးကားဝင်း တစ်ခုလုံး၊ အဝေးပြေးကားဝင်းသို့ သွားသည့်လမ်းရှိနေအိမ်များကိုသာ လော့ဒေါင်းအဖြစ်ဆက်လက်သတ်မှတ်ထားကြောင်း […]

ထားဝယ်မြို့ပေါ် ညီအစ်ကိုချင်း လူသတ်မှု မမိသေး

diz_admin

November 2, 2020

ထားဝယ်မြို့တွင် ဖြစ်ပွားခဲ့သော ညီအစ်ကိုချင်း လူသတ်မှုဖြစ်စဉ်တွင် သတ်သွားသည့် ညီဖြစ်သူကို မမိသေးကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ထိန်သစ်ရပ်ကွက်တွင် အသက် ၂၉ နှစ်အရွယ် ညီဖြစ်သူက အသက် ၃၁ နှစ်အရွယ် အစ်ကိုဖြစ်သူကို အောက်တိုဘာလ ၂၇ ရက်နေ့က ဓားဖြင့်ထိုး သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါနေအိမ်တွင် ၎င်းတို့ညီအစ် ကိုနှစ်ဦးတည်းနေထိုင်ပြီး အခင်းဖြစ်ပွားသည့်နေ့က စကားများပြီး လူသတ်မှုဖြစ်ပွားခဲ့သည်ကို အိမ်နီးချင်းများ မြင်တွေ့ရသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သိန်းက ဆိုသည်။ ပန်းပုအနုပညာရှင်များ၏ ကိုယ်ပိုင်ဒီဇိုင်းများခိုးကူးခံနေရ ထိုသို့ ဓားဖြင့်ထိုးပြီးနောက် ညီဖြစ်သူက ဆိုင်ကယ်စီးပြီး ထွက်ပြေးသွားသည်ကိုလည်း အိမ်နီးချင်းများက မြင်တွေ့ရသည်ဟု ပြောကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် လူသတ်မှုကျူးလွန်သည်ဆိုသည့် ညီဖြစ်သူကို ဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် […]

ပန်းပုအနုပညာရှင်များ၏ ကိုယ်ပိုင်ဒီဇိုင်းများခိုးကူးခံနေရ

diz_admin

November 2, 2020

ထားဝယ်ခရိုင်အတွင်း ပန်းပုပညာရှင်များ၏ ကိုယ်ပိုင်ဒီဇိုင်းများကိုပုံတူပွား (မိုပွား)၍ ဈေးကွက်အတွင်း ဈေးနှုန်းလျှော့ချကာ ရောင်းချလျှက်ရှိကြောင်း ထားဝယ်ခရိုင် ပန်းချီ/ပန်းပုအစည်းအရုံး ဥက္ကဋ္ဌ ဦးလှရွှေထံမှသိရသည်။ ပန်းပုရုပ်များကို လူမှုရေးအသင်း အဖွဲ့များ၊ ဘာသာရေးအဆောက်အဦများတွင် အများဆုံး အသုံးပြုလျက်ရှိပြီး အလွယ်တကူပုံတူပွား(မိုပွား) ခိုးယူခံရသည်မှာ နှစ်ကာလကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ ယခုအခါ နည်းပညာတိုးတက်လာသဖြင့် ဖိုင်ဘာနှင့် ဆီလီကွန်နည်းပညာ အသုံးပြုပြီး ခိုးကူးရန် ပို၍ လွယ်ကူလာကြောင်း လုပ်ငန်းလုပ်ကိုင်နေသူ ပန်းပုပညာရှင် ကိုရဲကျော်စွာက ဆိုသည်။ “ကိုယ်တိုင်ရေးဆွဲပြီး အချိန်အများ ကြီးရင်းနှီးပြီး လုပ်ထားတဲ့ ဒီဇိုင်းတွေကို ဝယ်ပြီး အဆင်သင့် မိုပွားခိုးယူပြီးဈေး ကွက်ထဲမှာ ထက်ဝက်ဈေးလျှော့ပြီးရောင်းချနေတာက လုံးဝမလုပ်သင့်ဘူး။ ကျွန်တော်တို့အရမ်းနစ်နာတယ်” ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ ခိုးကူးမိတ္တူပွား(မိုပွား)၍ ဈေးကွက်တင်ရောင်းချနေမှုများကို မြန်မာနိုင်ငံပန်းချီ/ပန်းပုအစည်းအရုံး၏ လမ်းညွှန်ချက်အရလည်းကောင်း၊ ကိုယ်ပိုင်ထုလုပ်ထားသော အနုပညာရှင်များ၏ […]