လုပ်သားအခက်အခဲကြောင့် ဆားထုတ်ချိန် နောက်ကျ
diz_admin
January 6, 2021တိုင်းကျော်၊ ပြည်ကျော် ခရီးသွားလာမှု ကန့်သတ်ထားသဖြင့် လုပ်သား ခေါ်ယူရန် အခက်အခဲရှိခြင်းကြောင့် ဆားထုတ်လုပ်ချိန် တစ်လခန့် နောက်ကျမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေပြည်သာ ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောကြားသည်။ ယခင်က ဒီဇင်ဘာနောက်ဆုံး အပတ်တွင် ဆားထွက်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် လုပ်သားအခက်အခဲကြောင့် ဇန်နဝါရီလခန့်မှသာ ဆား ထွက်နိုင်တော့မည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။ “ဘယ်လိုဖြစ်လို့လဲဆိုတော့ ဒီကိုဗစ်နဲ့ အလုပ်သမားတွေက ရာသီချိန်မှာ လာလို့ မရဘူးလေ။ လာလို့ မရတော့ အစိုးရကို လျှောက်လွှာတွေ ဘာတွေတင်၊ အစိုးရက ခေါ်ခွင့်ပြုမှ လာလို့ရတယ်။ ဒီရောက်တော့လည်း တစ်ခါတည်း ဝင်လို့ မရဘူး။ ကွာရန်တင်းဝင် ၂၁ ရက်ဆိုတော့ ကွင်းလုပ်ချိန်နောက်ကျကုန်တာပေါ့” ဟု ဦးသန်းဝင်းက ဆိုသည်။ ဆားလုပ်ငန်းတွင် လုပ်ကိုင်နေသူများမှာ ဧရာဝတီတိုင်းမှ ဆားလုပ်ငန်းကျွမ်းကျင်သူများဖြစ်ပြီး […]


