ဒေသန္တရအမိန့်မလိုက်နာသည့် ဈေးသည် လေးဦးကို ဈေးရောင်းခွင့်သုံးရက်ပိတ်
diz_admin
October 26, 2020ဒေသန္တရအမိန့်အား လိုက်နာရန် ပျက်ကွက်သည့် ဈေးသည် လေးဦးအား ဈေးရောင်းချခွင့် သုံးရက်ပိတ်သိမ်းခြင်းဖြင့် အရေးယူထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။ ကမ်းနားဈေးနှင့် ပျံကျဈေးမှ ဈေးရောင်းချနေသူ သုံးဦးနှင့် စည်ပင် သာယာဈေးကြီးမှ ဈေးရောင်းချနေသူ တစ်ဦးမှာ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ Mask မတပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အောက်တိုဘာ ၂၂ ရက်မှ စတင်ကာ ဈေးရောင်းချခွင့် သုံးရက်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောသည်။ “သူ့ကို အရေးမယူချင်ပေမဲ့လည်း ဒါတွေကို အရေးမယူရင်လည်း အားလုံး ပေါ့လျော့နေမှာစိုးလို့ သတိပေးလိုက်တာပေါ့။ Mask မတပ်ဘဲနေရင် တကယ်ပဲ လုပ်နေပြီ ဆိုတာကို သိအောင်လို့ အဲလို ဆောင်ရွက်လိုက်တာ” ဟု ဦးကျော်ကျော်ဦး […]


