ပစ္စည်းပို့သူများပြားသဖြင့် ထားဝယ်စာတိုက် ဝန်နှင့်အား မမျှ
diz_admin
October 17, 2020ကိုဗစ်ကာလအတွင်း ထားဝယ်စာတိုက်မှတစ်ဆင့် ပစ္စည်းပို့သူ များပြားနေသဖြင့် ဝန်နှင့်အားမမျှဘဲဖြစ်နေကြောင်း ယင်းစာတိုက်ဝန်ထမ်းများက ဖွင့်ဟကြသည်။ အောက်တိုဘာလ ၁ ရက်က ထားဝယ်စာတိုက်ကို သွားကြည့်ခဲ့ရာ တစ်ရုံးလုံးနီးပါးတွင် ပစ္စည်းများဖြင့် ပြည့်နေသည်ကို တွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ထားဝယ်စာတိုက်တွင် ယင်းကဲ့သို့ ပစ္စည်းများ များပြားလေ့မရှိပေ။ “လူနှစ်ဆယ်လုပ်ရမယ့် အလုပ်ကို လူခြောက်ယောက်တည်းက လုပ်နေရတယ်” ဟု ဝန်ထမ်းတစ်ဦးကဆိုသည်။ ယင်းကဲ့သို့ ပစ္စည်းပို့သူများပြားသဖြင့် လက်မလည်အောင်အလုပ်လုပ်နေရ သည်မှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့် မတ်လကတည်းကဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။ ထားဝယ်မှနေပို့သည့် ပစ္စည်းမှာ နည်းပါးပြီး အခြားမြို့များမှ ထားဝယ်သို့ ပို့လာသည့် ပစ္စည်းက ဆယ်ဆခန့်ပိုများကြောင်း ထားဝယ်စာတိုက်ဝန်ထမ်းတစ် ဦးက ရှင်းပြသည်။ တနင်္သာရီတိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးရုံးမှ တာဝန်ခံအရာရှိ ဦးအောင်မြင့်ထွန်းကလည်း ပစ္စည်းပို့သူအရေအတွက်သည် ကိုဗစ် ကပ်ဘေးမတိုင်ခင်ကထက် နှစ်ဆဖြစ်လာကြောင်း […]


