ခွင့်ပြုချက်မဲ့ သဲထုတ်ယူနေမှုကို တိုင်ကြား၊ စုံစမ်း စစ်ဆေးမည်ဟုဆို
diz_admin
December 22, 2020လောင်းလုံးမြို့နယ်၊ သဘော့ဆိပ် ကမ်းခြေအော်၊ ချောင်းဝတွင် ခွင့်ပြုချက် မရှိဘဲ စီးပွားဖြစ် သဲထုတ်ယူ သုံးစွဲနေမှုကို တားဆီး၊ အရေးယူပေးရန် ဒေသခံ ၂၈ ဦးက လက်မှတ်ထိုးကာ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဒီဇင်ဘာလ ၁၆ ရက်က တိုင်ကြားလိုက်သည်။ ခွင့်ပြုချက်မဲ့ သဲထုတ်ယူသုံးစွဲနေသော နေရာမှာ ဒေသခံများ သဲပုံစေတီပွဲ ကျင်းပသည့် နေရာအနီးအနားတွင်ဖြစ်သည်။ သဲထုတ်ယူသုံးစွဲသူများမှာ ဆောက်လုပ်ရေးတွင် အသုံးပြုရန်လိုအပ်သည့် သဲကို ထော်လာဂျီ၊ ကား စသည်တို့ဖြင့် နေ့တိုင်းနီးပါး ထုတ်ယူနေကြပြီး တစ်နေ့လျှင် အနည်းဆုံး ငါးစီးခန့်ထုတ်ယူနေကြကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကဲ့သို့ သဲထုတ်ယူနေခြင်းကြောင့် ပင်လယ်လှိုင်းလုံးများ ရွာထဲအထိ တိုက်ရိုက်ဝင်ရောက်လာပြီး နေအိမ်ပျက်စီးခြင်း၊ သဲပုံစေတီတော်ပွဲပြုလုပ်နေသည့် သဲသောင်ပျက်စီးသွားနိုင်ခြင်း၊ ငါးဖမ်းလှေများ နားခိုသည့် နေရာ ပျောက်သွားနိုင်ခြင်းများ ဖြစ်လာနိုင်ကြောင်း […]


