လူတစ်သိန်းကျော်ကို တစ်ပတ်အတွင်း အိမ်တိုင်ရာရောက် မဲစာရင်း စစ်ပေး
diz_admin
October 12, 2020ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ယင်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တစ်သိန်တစ် သောင်းကျော်ကို တစ်ပတ်အတွင်းအပြီး အိမ်တိုင်ရာရောက် မဲစာရင်း လိုက်လံစစ်ဆေးပေးခဲ့ကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ မဲဆန္ဒရှင်စာရင်း နောက်ဆုံး ကြေညာထားသည့်အချိန် အောက်တိုဘာလ ပထမအပတ်အတွင်း မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ကာလ ရန်ကုန်တွင်နေရန် ခက်သောကြောင့် စက်ဘီးစီးပြန်လာသူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီး ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ ပူးပေါင်းပြီး လိုက်လံစစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇင်မာအောင်က ပြောသည်။ ပိုမိုတိကျသည့် မဲစာရင်းရရှိနိုင်ရန်အတွက် ယင်းကဲ့သို့ အိမ်တိုင်ရာရောက် မဲစာရင်းစစ်ပေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ “အခုလို အိမ်တိုင်ရာရောက်လိုက်ကောက်၊ လိုက်စစ်ပေးရတာ ပိုပြီးတော့ တိကျတယ်။ […]


