ရေတွင်းဟောင်းတူးရာမှ မြေစာပိသည့်စက်ရုံလုပ်သားကို သေဆုံးလျက်ပြန်တွေ့
diz_admin
April 25, 2023ထားဝယ်မြို့နယ်၊ သပြေချောင်းရွာ၊ သပြေချောင်းအထပ်သားစက်ရုံတွင် ယနေ့ နံနက်ပိုင်းက ရေတွင်းဟောင်းကို ဆက်လက်တူးဖော်ရာတွင် မြေထိန်းနံရံပြိုကျပြီး မြေစာပိနေသည့် စက်ရုံအလုပ်သမားကို သေဆုံးလျက် ပြန်တွေ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ်ရှိ သပြေချောင်းရွာသား ကိုအောင်မျိုးသူဖြစ်ပြီး အထပ်သား စက်ရုံလုပ်သမား တစ်ဦးလည်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယနေ့ ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် အနက် ၂၉ ပေခန့်ရှိသည့် ရေတွင်းမြေထိန်းနံရံပြိုကျကာ အဆိုပါအမျိုးသားကို မြေစာများပိသွားသဖြင့် မြေတူးစက်များဖြင့် တူးဖော်ကာ ရှာဖွေခဲ့ရကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ယင်းနောက် ငါးနာရီခန့်အကြာ မွန်းလွဲ ၁ နာရီ ၇ မိနစ်ခန့်က မြေအောက်အနက် ၂၀ ပေနှင့် […]


