ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဖမ်းဆီးလာသည့် နယ်ထိန်းယာဉ်မောင်း ထွက်ပြေးရန်ကြိုးစား၍ ပစ်ခတ်ရှင်းလင်းခဲ့ရဟု ထုတ်ပြန်

diz_admin

April 22, 2023

ထားဝယ်မြို့နယ် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသဖြင့် ပစ်ခတ်ခံရပြီး နယ်ထိန်းသမီးနှင့် မိခင်အပါအဝင် ၃ ဦး သေဆုံးသည့် ဖြစ်စဉ်တွင် ထွက်ပြေးလွတ်မြောက်သွားသော ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က မနေ့က ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ သို့သော် စစ်ဆေးမှုလုပ်ရန် ခေါ်ဆောင်လာချိန် လမ်းခရီးတွင် ပြန်လည်ခုခံကာ ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက် နံနက် ၈ နာရီခန့်က ထားဝယ်မှ ကျောက်မဲတောင် ရဲကင်းစခန်းဘက်သို့ မောင်းနှင်လာသည့် ဒုရဲအုပ် နယ်ထိန်းသက်ဇော်ထွန်း၏ မိခင်နှင့်သမီးဖြစ်သူလိုက်ပါလာသည့်ကားမှာ သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖို့ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ ကားမောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။ ယင်းသို့ ပစ်ခတ်ဖမ်းဆီးရာ ယာဉ်ပေါ်လိုက်ပါလာသူ ဟိန္ဒားပျူစောထီးအဖွဲ့ဝင် အသက် ၃၅ နှစ်အရွယ် ကိုချစ်ကိုနှင့် အသက် […]

ထားဝယ်တွင် နေအိမ်တစ်လုံးမီးလောင်

diz_admin

April 22, 2023

ထားဝယ်မြို့ ၊ဝဲကျွန်းဆင်ဆိပ်ရပ်ကွက်၊ ရွာလယ်လမ်းတွင် ဧပြီ ၂၁ ရက်နေ့ ည ၁ဝနာရီ ၃၀ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်ခဲ့သည်ဟု ထားဝယ်ခရိုင်မီးသတ် ဦးစီးဌာန ထံမှသိရသည်။ မီးလောင်မှုကြောင့် နှစ်ထပ်အိမ် အပေါ်ထပ်သစ်သားဆောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ သိန်း ၂၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးဌာနမှူး ဦးသိန်းဇော်ဝင်းက ပြောသည်။ “လျှစ်စစ်နဲ့ဘုရားမီးပူဇော်ရာကနေ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ် လောင်ကျွမ်းတာပါ ပေါ့ဆမီးပေါ့နော်”ဟု ဦးသိန်းဇော်ဝင်းကပြောသည်။ အဆိုပါမီးကို ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦးနှင့် အရန်မီးသတ် ၁၀ ဦး ၊မီးသတ်ယာဉ်သုံးစီးနှင့်ရေသယ်ယာဉ် ၂စီး အပါဝင် ဇမ္ဗူသိရိအဖွဲမှ မီးသတ်ယာဉ်တစ်စီး၊လူနာတင်ယာဉ် ၁ စီးတို့ဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ […]

စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်၍ ကားမောင်းလာသည့် လူငယ်သေဆုံး

diz_admin

April 21, 2023

ရေဖြူမြို့ထဲတွင် ယနေ့(ဧပြီ ၂၁) မနက်ပိုင်းက ကားမောင်းလာသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်အတွက် သေဆုံးသွားကြောင်း မြို့ခံများထံမှသိရသည်။ သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ရေဖြူမြို့နယ်၊သစ်တိုထောင့်ရွာသား ကိုကောင်းဝေယံဦး(ခ)သားကြီးဆိုသူ ဖြစ်သည်။ ကိုကောင်းဝေယံဦးသည် ယနေ့မနက် ၁၁ နာရီ ဝန်းကျင်ခန့်က ဆေးရုံသစ်နားမှ မြို့ထဲဘက်သို့ ကားဖြင့် ထွက်လာစဉ် ရေဖြူမြို့ အနောက်ဘက်ကမ်း လမ်းဆုံးအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “သူကိုယ်ခန္ဓာမှာ ကျည်ဆန်ရာတွေချည်းပဲ စစ်ဆေးတာမရပ်ပေးလို့နဲ့ တူပါတယ်”ဟု ၎င်းမြို့ခံကပြောသည်။ သေဆုံးသူမှာ ယင်းမြိုနယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး အလုပ်ထွက်ထားသူလည်း ဖြစ်သည်။ ကိုကောင်းဝေယံဦး၏ ရုပ်အလောင်းကို ၎င်း၏ဇာတိရွာသို့ မိသားစုက သယ်ဆောင်သွားပြီဖြစ်ကြောင်း ရေဖြူမြို့ခံများ၏ ပြောပြချက်အရသိရသည်။ တနင်္သာရီတိုင်းတွင် စစ်ဆေးရေး […]

လောင်းလုံး ကြက်ယယ်တွင်းရွာတွင် ဖဲဝိုင်းကို PDF ဝင်ဖမ်း၊ ရိုက်နှက်ပြစ်ဒဏ်ပေး

diz_admin

April 21, 2023

လောင်းလုံးမြို့နယ်၊ ကြက်ယက်တွင်းရွာ အရှေ့ပြင်ပိုင်းရှိ ဖဲဝိုင်းကို ဧပြီလ ၁၉ ရက်က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ လောင်းကစားပြုလုပ်သူများကို တုတ်ဖြင့် တစ်ချက်စီရိုက်ကာ သတိပေးပြီး လောင်းကြေးငွေများကို သိမ်းဆည်းသွားသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ရွာရဲ့ အရှေ့ပြင်ပိုင်း ဘက်မှာပါ။ လှေလုပ်ငန်းနားနေကြတော့ ဖဲရိုက်နေကြတယ်ထင်တယ်။ အဲဒီမှာ PDF က ဝင်ဖမ်းသွားတယ်။ တစ်ချက်စီ ရိုက်ခံထိတယ်လို့လည်း ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဖဲရိုက်လောင်းကစားလုပ်နေသူ ၁၄ ဦးကို နောက်ထပ်မပြုလုပ်ရန် ခံဝန်လက်မှတ်ထိုးစေပြီး တုတ်ဖြင့် တစ်ချက်စီ ရိုက်၍လည်း အပြစ်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်က ထုတ်ပြန်ထားသည်။ ယင်းနောက် လောင်းကြေးငွေ ၄၉၅၀၀ ကျပ် တိတိကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ […]

စစ်ကောင်စီဝန်ကြီး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင်သုံးဦး ကိုဗစ်ကူးစက်ခံရ

diz_admin

April 21, 2023

တနင်္သာရီတိုင်းသို့ အသစ်ပြောင်းလာသည့် စစ်ကောင်စီ လူမှုရေးဝန်ကြီး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် သုံးဦး ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း စုံစမ်းသိရှိရသည်။ ယင်းအပြင် လူမှုရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိလည်း ကိုဗစ်ကူးစက်ခံထားရသည်။ လူမှုရေးဝန်ကြီးမှာ တနင်္သာရီတိုင်းသို့ပြောင်းလာသည်မှာ ရက်ပိုင်းမျှသာရှိသေးသည်။ ၎င်းတို့သုံးဦးစလုံးသည် ခရီးသွားလာခြင်းမရှိဘဲ ကိုဗစ်ကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “တစ်ထစ်ချတော့ပြောလို့မရဘူး။ သူ (လူမူရေးဝန်ကြီး) ပြောင်းလာတဲ့နေရာက ကူးလာတာလား။ ဒီရောက်မှ ကူးတာလားဆိုတာ ဘာမှပြောလို့ မရဘူးပေါ့နော်” ဟု ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုဗစ်ကူးစက်ခံထားရသူ သုံးဦးစလုံးသည် ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးနှံထားခြင်းကြောင့် ရောဂါလက္ခဏာ ပြင်းထန်ခြင်းမရှိကြောင်း ၎င်းက ပြောဆိုသည်။ အသက် ၅၀ ကျော်အရွယ် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ကိုမူ ထားဝယ်ဆေးရုံ ကိုဗစ်သီးသန့်ဆောင်တွင် ထားရှိ ကုသနေကြောင်း စုံစမ်းသိရသည်။ လူမှုရေးဝန်ကြီးနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတို့ကိုမူ နေအိမ်တွင်ပင် […]

အစစ်ဆေးမခံဘဲ မောင်းပြေးသည်ဆိုကာ ကားတစ်စီးပစ်ခတ်ခံရ၊ နယ်ထိန်းသမီးနှင့် မိခင်အပါအဝင်သုံးဦးသေဆုံး

diz_admin

April 20, 2023

ထားဝယ်မြို့နယ် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းပြေးသည်ဟုဆိုကာ ကားတစ်စီးပစ်ခတ်ခံရပြီး နယ်ထိန်း ဒုရဲအုပ် သက်ဇော်ထွန်း၏ သမီးနှင့် မိခင်အပါအဝင် သုံးဦးသေဆုံးကြောင်း စုံစမ်းသိရသည်။ နယ်ထိန်း ဒုရဲအုပ် သက်ဇော်ထွန်းမှာ ထားဝယ်မြို့နယ် ကျောက်မဲတောင်နယ်မြေရဲစခန်းက နယ်ထိန်းဖြစ်သည်ဟု ဆိုသည်။ ထားဝယ်တွင် နေထိုင်သည့် နယ်ထိန်း၏ မိခင်နှင့် သမီးဖြစ်သူကိုသွားကြိုပြီးအပြန် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၁၉ ရက် နံနက်ပိုင်းက ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါကားမှာ အသွားခရီးတွင် စစ်ဆေးခံခဲ့ပြီး အမျိုးသားနှစ်ဦး လိုက်ပါလာခဲ့ကြောင်း ဥဩစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဥဩစစ်ကြောင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခြောက်ခုဖြင့် ဖွဲ့စည်းထားသည်။ အပြန်တွင်မူ ကားကို စစ်ဆေးရန် လမ်းဘေးချရပ်ခိုင်းရာ မောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

ကမြောကင်းတံတားတွင် စစ်ဆေးမှုတင်းကျပ်၊ မှတ်ပုံတင်ဖြင့်တိုက်ဆိုင်စစ်ဆေးခံရ

diz_admin

April 20, 2023

ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ထားဝယ်မြစ်ကူးတံတားတစ်စင်းဖြစ်သော ကမြောကင်းတံတားတွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာပြီး မှတ်ပုံတင်ဖြင့်တိုက်ဆိုင်စစ်ဆေးခံရကြောင်း ဒေသခံခရီးသွားပြည်သူများက ပြောသည်။ သင်္ကြန်မတိုင်ခင်က တံတားကို ဖြတ်သန်းသွားလာလျှင် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တွန်း၍ သွားလာရခြင်း၊ ဆိုင်ကယ်တူးဘောက်ဖွင့် စစ်ဆေးခြင်း၊ ပိုက်ဆံအိတ်များကိုသာ ဖွင့်၍ စစ်ဆေးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ သင်္ကြန်ပွဲတော်အပြီးတွင် မှတ်ပုံတင်ပါ ပြရသည့်အပြင် မှတ်ပုံတင်ပါ ဓာတ်ပုံနှင့် လူမျက်နှာ၊ ကိုယ်ရေး အချက်အလက်များကိုလည်း တိုက်ဆိုင်စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။ “ဒီနေ့မနက်ကဆိုရင် လမ်းကြောင်းတောင် ခဏပိတ်သွားတယ်။ ကားပေါ်က ခရီးသည်တွေလည်း အကုန်ဆင်းပြရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မှတ်ပုံတင် မပါလာသူများဆိုလျှင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပြန်လှည့်၍ယူခိုင်းခြင်း၊ အချို့ကို နောက်ဆုံးအကြိမ် အဖြစ် သတိပေးကာ ဖြတ်သန်းခွင့်ပြုခြင်းများရှိခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့သည့် ခရီးသွားပြည်သူအချို့က ပြောပြသည်။ ယင်းသို့ […]

ပျူစောထီး၊ စစ်ကောင်စီနှင့်ပတ်သက်သည်ဆိုသူ ငါးဦးကို ဆက်လက်ဖမ်းထားဟု သရက်ချောင်းပကဖဆို

diz_admin

April 20, 2023

သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအနီးတွင် ဧပြီလ ၃ ရက်နေ့က ဖမ်းဆီးမိသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးကို ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(ပကဖ) ထံမှသိရသည်။ ထားဝယ်ဘက်မှ မြိတ်ဘက်ကို ဘုရားဖူးသွားသည်ဆိုသော အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးကို ပျူစောထီး၊ စစ်ကောင်စီနှင့်ပတ်သက်သူများဟုဆိုကာ PDF အဖွဲ့က ဧပြီလ ၃ ရက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးကို စစ်ဆေးရာ ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်၏ ဇနီးတစ်ဦးအပါအဝင် ပျူစောထီးအဖွဲ့ဝင်နှင့် စစ်ကောင်စီကို သတင်းပေးနေသူများဖြစ်သည်ဟု ဝန်ခံထားပြီးဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူအချို့က ပြောဆိုသည်။ “အခုတော့ လုံခြုံတဲ့တစ်နေရာမှာ ထိန်းသိမ်းထားပြီးတော့ ဖမ်းထားတာပေါ့နော်၊ သတ်ဖြတ်တာတွေတော့ မရှိဘူးပေါ့” ဟု ၎င်းကပြောသည်။ ဖမ်းဆီးခံရသည့် အမျိုးသားမှာ အသက် ၄၀ ကျော် ၅၀ ဝန်းကျင်ခန့်ရှိပြီး အမျိုးသမီးကြီးများမှာ အသက် ၅၀ ကျော်မှ […]