ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးတွင် အချင်းများရာမှ ပစ်ခတ်မှုဖြစ်၊ အမျိုးသားတစ်ဦးသေဆုံး

diz_admin

April 20, 2023

လောင်းလုံးမြို့နယ်၊ ဝဗျောရွာရှိ အရက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားနှစ်ဦး အချင်းများရာမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။ သေဆုံးသူမှာ မကျွန်းမော်ရွာသား ဦးတင်စိုးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဧပြီလ ၁၈ ရက် ညနေပိုင်းက ဝဗျောဈေးအနီးရှိ အရက်ဆိုင်တွင် အချင်းများကြရာမှ အရက်ဆိုင်ရှင် ဦးဘချစ်ခိုင်ဆိုသူက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဘာကြောင့် ပစ်သတ်တယ်ဆိုတာတော့ မသိရဘူး။ ဘချစ်ခိုင်ကတော့ ထွက်ပြေးသွားပြီလို့သိရတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ အချင်းများကြသည်ဟုသာ သိရပြီး မည်သည့်အကြောင်းအရင်းကြောင့် အချင်းများကြသည်ကိုမူ သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ပစ်ခတ်ခံရပြီနောက် ဦးတင်စိုးကို ထားဝယ်ဆေးရုံသို့ အရေးပေါ်ကားဖြင့် သယ်ဆောင်သွားစဉ် လမ်းခရီးတွင် သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးတင်စိုးမှာ လောင်းလုံးမြို့နယ် […]

သင်္ကြန်အပြီး ထားဝယ်တွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုပြန်တင်းကျပ်

diz_admin

April 20, 2023

ထားဝယ်မြို့ပေါ်၌ သင်္ကြန်ကာလတွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ မရှိခဲ့သော်လည်း သင်္ကြန်ကာလကျော်သည်နှင့် ပုံမှန်အတိုင်းပြန်လည်စစ်ဆေးတင်းကျပ်လာကြောင်း မြို့ခံအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများ၊ ယာဉ်မောင်းလိုင်စင်ကဲ့သို့သော အထောက်အထားစာရွက်စာတမ်းမရှိဘဲ ‌‌မော်တော်ယာဉ်မောင်းနှင်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးခဲ့သည်။ ယင်းအပြင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါ မစီးနင်းရ စသည့် မော်တော်ယာဉ် ဥပဒေတွင်မပါသည့် စည်းကမ်းအချို့ကိုလည်း ထုတ်ပြန်ခဲ့သည်။ ယာဉ်ထိန်းရဲများသာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကပါ မြို့အတွင်းလှည့်ပတ်သွားလာက စစ်ဆေးတင်းကျပ်နေပြီး တစ်ခါတရံ ပစ်ခတ်ဖမ်းဆီးခြင်းပင် ပြုလုပ်လေ့ရှိသည်။ သင်္ကြန်ကာလတွင်မူ ‌မော်တော်ဆိုင်ကယ်နှင့်ပတ်သက်ပြီး စစ်ဆေးမှု မပြုလုပ်တော့ကြောင်း မြို့ခံအချို့က ပြောသည်။ သင်္ကြန်အတွင်း ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မြို့ထဲဆိုင်ကယ်မောင်းနှင်နေသူများကို တွေ့ရပြီး သင်္ကြန်မဏ္ဍပ်သို့လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးပြီး ရေပက်ခံနေသည်ကိုတွေ့ရကြောင်း မြို့ခံအချို့က ဆိုသည်။ “မဏ္ဍပ်ရှေ့မှာ မော်တော်ပီကယ်ရှေ့မှာ ကိုယ်တိုင်ပဲ စီးနေကြတာ။ […]

လောင်းလုံးတွင် PDF နှင့် မူးယစ်အဖွဲ့၊ ပျူစောထီးအဖွဲ့တို့ နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်

diz_admin

April 19, 2023

လောင်းလုံးမြို့နှင့်အနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် မူးယစ်ဆေးဖြန့်ဖြူးရောင်းချသည့်အဖွဲ့၊ ပျူစောထီးအဖွဲ့တို့နှင့် နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပထမအကြိမ်မှာ ဧပြီလ ၁၇ ရက်တွင် ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Dawei Defense Team DDT တပ်ခွဲ ၃) နှင့် လောင်းလုံးမြို့ရှိ ပျူစောထီးအဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း DDT က သတင်းထုတ်ပြန်ထားသည်။ DDT တပ်ဖွဲ့ဝင်တို့ ခရီးသွားနေစဉ် ပျူစောထီးအဖွဲ့ဝင် ၅ ဦးက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်ဖမ်းဆီးရန် လုပ်ဆောင်လာသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ပစ်တာက မြို့ထဲမှာတော့ မဟုတ်ဘူး။ မြို့အပြင်မှာဖြစ်ကြတာ။ အဲဒီလောက်ပဲသိတယ်။ အသေးစိတ်တော့မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ နောက်တစ်ရက် ဧပြီလ ၁၈ ရက်ညတွင်မူ လောင်းလုံးမြို့နှင့်ကပ်လျက်တည်ရှိသည့် ညင်းမော်ရွာရှိ မူးယစ်ဆေး အဖွဲ့နှင့် […]

သင်တန်းတက်ရန်လာသည့် ကျောင်းဆရာမတစ်ဦး သရက်ချောင်းဘုတ်တောင်တွင် အဖမ်းခံရ

diz_admin

April 19, 2023

ပုလောမြို့မှ ထားဝယ်မြို့သို့ သင်တန်းတက်ရန်လာသည့် ကျောင်းဆရာမတစ်ဦး ဧပြီလ ၁၈ ရက်က သရက်ချောင်းမြို့နယ် ဘုတ်တောင်တွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ အဖမ်းခံရသူမှာ ပုလောမြို့နယ်၊ ခန္ဒီကျေးရွာမှ အလယ်တန်းပြဆရာမဖြစ်ပြီး ထားဝယ်မြို့တွင် ပညာရေးဘွဲ့(B.Ed) သင်တန်းတက်ရန် လာခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှုးရုံး တာဝန်ရှိသူတစ်ဦးကပြောသည်။ ပုလောမြို့မှ ထားဝယ်သို့အလာ သရက်ချောင်းမြို့နယ် ဘုတ်တောင်အရောက်တွင် အမည်မသိ လက်နက်ကိုင်များက ခရီးသည်တင်ကားပေါ်ပါလာသည့် ကျောင်းဆရာမ ၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၎င်းတာဝန်ရှိသူကပြောသည်။ စစ်‌ဆေးပြီးနောက် ကျန်ကျောင်းဆရာမသုံးဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျောင်းဆရာမတစ်ဦးကို ယနေ့ ဧပြီလ ၁၉ ရက်အထိ ပြန်မလွှတ်ပေးသေးကြောင်း ၎င်းပြောကြားသည်။ “မြို့နယ်ရုံးကို ဖုန်းလှမ်းဆက်တော့ မလွှတ်လာသေးဘူးလို့ပြောတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ အဲဒါလဲမသိရဘူး” ဟု ၎င်းကဆိုသည်။ ဒေသခံအချို့ကမူ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ခိုင်လုံသည့် အကြောင်းပြချက်ရှိသဖြင့် […]

ထားဝယ်မြို့တွင် နေအိမ်ထဲဝင်ခိုးသည်ဆိုသည့် လူငယ်တစ်ဦး ပစ်သတ်ခံရ

diz_admin

April 18, 2023

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ဝင်ခိုးခဲ့သည်ဟုဆိုသည့် အသက် ၂ဝအရွယ် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း မြို့ခံအချို့က ပြောသည်။ ယနေ့ ဧပြီလ ၁၈ ရက် ညနေက ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် သူခိုးဝင်သည့်အတွက် ရပ်ကွက်နေသူများက လိုက်လံဖမ်းဆီးခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ ထိုသို့ လိုက်လံဖမ်းဆီးနေစဉ် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီးနောက် သူခိုးဟုဆိုသူကို ပစ်ခတ်ဖမ်းဆီးရာမှ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် သေနတ်ဒဏ်ရာများရပြီး သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။ “ဝင်ခိုးတာ လိုက်ဖမ်းကြရင်း ဟိုလူတွေ (စစ်ကောင်စီတပ်သားတွေ) သိသွားလို့ လာကြတာလို့ထင်တယ်” ဟု အဆိုပါ မြို့ခံအမျိုးသားက ပြောသည်။ သူခိုးဟုဆိုသူမှာ ရပ်ကွက်နေသူများလိုက်ဖမ်းသဖြင့် ထွက်ပြေးရာမှ ကြက်စားပြင်ရပ်ကွက်ရှိ အခြားနေရာတစ်ခုတွင် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အခြားမြို့ခံတစ်ဦးက ပြောဆိုသည်။ အဆိုပါလူငယ်အမျိုးသားမှာ ယခင်က […]

သရက်ချောင်းမြို့အဝင်ဆိုင်းဘုတ် အလှပြဒူးရင်းသီးရုပ်တု ဖျက်ဆီးခံရ

diz_admin

April 18, 2023

သရက်ချောင်းမြို့အဝင် မော်ရှည်ကုန်းရွာထိပ်တွင် ပြုလုပ်ထားသော မြို့ဆိုင်းဘုတ်ရှိ ဒူးရင်းသီးပုံရုပ်တု ဖျက်ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့အဝင်တွင် Welcome to Thayet Chaung စာတန်းနှင့် ဒူးရင်းသီးရုပ်တုပုံ သုံးလုံး ထုလုပ်ထားခြင်းဖြစ်သည်။ ယင်းအနက် ဒူးရင်းသီးရုပ်တုတစ်လုံးကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ ယင်းရုပ်တုမှာ ကွဲအက်ကြွေမွနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဲဒီနေရာက လူလည်း နည်းနည်းပြတ်တော့ သတိမထားမိလိုက်ဘူး” ဟု မော်ရှည်ကုန်းရွာခံတစ်ဦးက ပြောဆိုသည်။ အဆိုပါရုပ်တုအား မည်သူတို့ကက မည်သည့်အကြောင်းအရင်းကြောင့် ဖျက်ဆီးခဲ့သည်ကိုမူ မသိရသေးပေ။ အဆိုပါရုပ်တုမှာ လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်က စတင်တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ ဒေသတွင် ပေါများစွာထွက်ရှိသည့် ဥယျာဉ်ခြံထွက် အသီးကို အထိန်းအမှတ်ရုပ်တုလုပ်ပြီး မြို့အဝင်တွင် အလှ ထုလုပ်ထားခြင်း ဖြစ်သည်။

သင်္ကြန်အတက်နေ့ ကံပေါက်အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်

diz_admin

April 16, 2023

သင်္ကြန်အတက်နေ့ ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၆ နာရီခန့်က ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးအနီးရပ်နားထားသည့် အမှိုက်သိမ်းကားတစ်စီး ဦးခေါင်းပိုင်း ထိခိုက်ပျက်စီးသွားကြောင်း ၎င်းတို့က ဆိုသည်။ “ပေါက်ကွဲသံက တစ်ချက်ပဲ။ တော်တော်ကြမ်း မီးခိုးလုံးကြီးတွေပါ တက်လာတယ်” ဟု ဗိုလ်ချုပ်ရပ်ကွက်ဒေသခံတစ်ကဆိုသည်။ ပေါက်ကွဲမှုဖြစ်ရသည့် အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။ ပေါက်ကွဲမှုဖြစ်ပြီးနောက် မောရဝတီရေတပ်က စစ်ကားတစ်စီး၊ ကံပေါက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လမ်းသွား၊ လမ်းလာ ဒေသခံများကိုမူ စစ်ဆေးခြင်းမရှိသဖြင့် ပုံမှန်အတိုင်းသွား‌လာနေကြသည်ဟု ၎င်းတို့က ဆိုသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်လည်း ကံပေါက်အုပ်ချုပ်ရေးမှူးရုံးနှင့် စရဖရုံးကို ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ဖူးသည်။

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက အမျိုးသားတစ်ဦးနှင် အမျိုးသမီးတစ်ဦး အသတ်ခံရ

diz_admin

April 14, 2023

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာက အမျိုးသားတစ်ဦးနှင် အမျိုးသမီးတစ်ဦး ဧပြီလ ၁၃ ရက်ညပိုင်းက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။ သင်္ကြန်အကြိုနေ့ ည ၇ နာရီခွဲခန့်တွင် ကိုဆံရှည်နှင့် ဒေါ်သောင်းအေးကို လက်နက်ကိုင် အဖွဲ့တစ်ခုက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအပြင်ဘက်က သုဿန်တွင် ပစ်သတ်ထားခဲ့သည်ဟု ယင်းကျေးရွာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရွေးကောက်ပွဲလုပ်ဖို့ မဲစာရင်းတွေလိုက်ကောက်တုန်းက သူတို့ကထိပ်ဆုံးကပါတယ်” ဟု ၎င်းက ဆိုသည်။ ကိုဆံရှည်မှာ အသက် ၄၅ နှစ်ခန့်ရှိမည်ဖြစ်ပြီး ဒေါ်သောင်းအေးမှာ အသက် ၅၅ နှစ်ခန့်ရှိမည်ဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ယင်းအမျိုးသားနှင့် အမျိုးသမီးကို မည်သည့်အဖွဲ့က မည့်သည့်အတွက်ကြောင့် ပစ်သတ်သည်ကို မသိရသေးပေ။