ထားဝယ်ရေနက်ဆိပ်ကမ်းဒေသက ပစ်ခတ်မှုများတွင် နှစ်ဖက်ထိခိုက်ကျဆုံး
Dawei Watch
July 28, 2023ထားဝယ်ရေနက်ဆိပ်ကမ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးရွာတွင် ထိတွေ့ပစ်ခတ်မှုများကြောင့် နှစ်ဖက်ထိခိုက် ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် မူးဒူးရွာသို့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ယင်းနေ့နှင့် နောက်တစ်ရက် ဇူလိုင်လ ၂၅ ရက်တို့တွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နှစ်ရက်ဆက်ပစ်ခတ်မှုအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက် သုံးဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းက မူးဒူးရွာ အနောက်ကျောင်း (ဘုန်းတော်ကြီးကျောင်း) တွင် တပ်စွဲနေရာယူထား သည့် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယင်းအပြင် စစ်ကြောင်းဝင်လာသည့် လမ်းကြောင်းတွင် ဖမ်းဆီးခံရသည့် […]


