ဖမ်းဆီးခံရသည်ဆိုသည့် ခမောင်းတောင်ရွာသားလေးဦးအနက်တစ်ဦး သေနတ်ဒဏ်ရာဖြင့် နေအိမ်ပေါ် သေဆုံးလျက်တွေ့
Dawei Watch
August 3, 2023လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာတွင် ဖမ်းဆီးခံရသည်ဟု သတင်းထွက်ပြီး ပျောက်ဆုံးနေသည့် ဒေသခံလေးဦး အနက် တစ်ဦးမှာ နေအိမ်ပေါ်တွင် သေနတ်ဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသည်ကိုတွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၃၀ ရက်နေ့တွင် ခမောင်းတောင်ရွာသားများဖြစ်ကြသည့် ဦးပန်းအောင်နှင့် ၎င်း၏ တူ၊ တူမများဖြစ်သည့် ကိုချစ်ဦး၊ ကိုချစ်တူးနှင့် မတို့တို့ ဆိုသူတို့ ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားသည်ဟု သတင်းထွက်နေကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပျောက်ဆုံးပြီး လေးရက်အကြာ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် အပုပ်နံ့ထွက်လာသဖြင့် နေအိမ်ပေါ် တက်ရှာကြရာတွင် ကိုချစ်တူး၏ ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးပန်းအောင်နှင့် တူတော်စပ်သူတို့မှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူအဖြစ် ရွာထဲတွင် သတင်းထွက်နေသူများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းတို့လေးဦး ပျောက်ဆုံးချိန်တွင် ရွာတွင် […]


