သင်္ကန်းတုံးရွာထဲဝင်လာသည့် ကလေးငယ်တစ်ဦးအပါအဝင် စစ်ဘေးရှောင်လေးဦးပစ်ခတ်ခံရ၊ ထိခိုက်သေဆုံးမှုရှိ
Dawei Watch
May 31, 2023ထားဝယ်မြို့နယ် သင်္ကန်တုံးရွာထဲဝင်လာသည့် ဒေသခံစစ်ဘေးရှောင်လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မေလ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် သင်္ကန်းတုံးရွာက စစ်ဘေးရှောင်နေရသူအချို့ လိုအပ်သည့်ပစ္စည်းများ ရွာထဲဝင်ယူသည့်အချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ လတ်တလော စုံစမ်းမေးမြန်းမှုအရ သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရရှိသူ နှစ်ဦးရှိကြောင်း ဒေသခံအချို့က ပြောဆိုကြပြီး သေဆုံးသူနှစ်ဦးနှင့် ပတ်သတ်၍ အတည်မပြုနိုင်သေးပေ။ ဒဏ်ရာရသူနှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်းအရွယ် ဒေါ်နန်းထွေးဆိုသူနှင့် ၎င်း၏သားဖြစ်သူ အသက် ၁၀ နှစ် ဝန်းကျင်အရွယ် ကလေးငယ်တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကလေးမှာ ခြေထောက်မှာထိတယ်။ သူ့အမေမှာကတော့ ဒဏ်ရာပြင်းတယ်လို့ပြောတယ်။ အခုထားဝယ်ကို ဆေးရုံတင်သွားကြပြီ” ဟု ၎င်းက ဆိုသည်။ သင်္ကန်တုံးရွာ […]


