ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား/ကမ္ဘာ့ဖလား

ဆက်ဆန်ကို အနိုင်ထိုးနိုင်ရင် အမေရိကန်ဒေါ်လာတစ်သိန်းလောက်ရဖို့ ရှိနေတဲ့ စိုးလင်းဦး

Dawei Watch

October 27, 2024

ONE 170 မှာ ပါဝင်နေတဲ့ စိုးလင်းဦးနဲ့ ဆက်ဆန်တို့ရဲ့ ပွဲက စိတ်ဝင်စားစရာကောင်းနေပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Impact Arena မှာ ကျင်းပမယ့် ONE 170 ပြိုင်ပွဲကို တစ်ကမ္ဘာလုံးက စောင့်ကြည့်မှာ ကျိန်းသေပါပဲ။ ဒီပြိုင်ပွဲကို ONE ဘက်က အမေရိကမှာတောင် အခမဲ့ပြသဖို့ စီစဉ်ထားတာပါ။ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့ရှိနေတဲ့ ဇာတ်ကားကိုလည်း ဒီပြိုင်ပွဲကြီးထဲမှာ ထည့်သွင်းရိုက်ကူးသွားဖို့ ရှိနေပါတယ်။ အဲ့ဒီလိုပြိုင်ပွဲမျိုးမှာ စိုးလင်းဦး ထည့်သွင်းနေရာပေးခံရတယ်ဆိုတော့ ONE ဘက်က စိုးလင်းဦးကို ဘယ်လောက်အထိ မျှော်လင့်ထားသလဲဆိုတာ အသိသာကြီးပါပဲ။ အခုတော့ ဒီပြိုင်ပွဲရဲ့ဘောနပ်စ်ဆုကြေးက အမေရိကန် ဒေါ်လာ ငါးသောင်းလောက် ဖြစ်နိုင်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါကြောင့် ဒီပွဲကို အနိုင်ရတဲ့သူဟာ ပြိုင်ပွဲထိုးကြေးနဲ့ ဘောနပ်စ် နှစ်ခုပေါင်းပြီး အမေရိကန်ဒေါ်လာ […]

ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မြောက်ကိုရီးယား ခြေစွာနေပြန်ပြီ

Dawei Watch

October 26, 2024

ဒိုမီနီကန် ရီပတ်ဘလစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးအသင်းက အုပ်စုဗိုလ်နေရာကို ရယူပြီး နောက်တစ်ဆင့်ဆီ တက်သွားခဲ့ပါပြီ။ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စုအဆင့်မှာ မက္ကဆီကို,ကို လေးဂိုး တစ်ဂိုး၊ ကင်ညာကို သုံးဂိုး ဂိုးမရှိ၊ အင်္ဂလန်ကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်နေရာကို ရယူခဲ့တာပါ။ ကွာတားဖိုင်နယ်မှာ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးအသင်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ပိုလန် ဖြစ်ပါတယ်။ တခြား ကွာတားဖိုင်နယ်ပွဲစဉ် ၃ ပွဲမှာ ဂျပန်နဲ့ အင်္ဂလန်၊ စပိန်နဲ့ အီကွေဒေါ၊ နိုင်ဂျီးရီးယားနဲ့ အမေရိကန်တို့ ဆုံတွေ့နေပါတယ်။ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ ကွာတားဖိုင်နယ်မှာ ပိုလန်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နိုင်ဂျီးရီးယားနဲ့ […]

ဒီပွဲနိုင်လို့ ဘောနပ်စ်ရရင် မိဘတွေကို အိမ်ဆောက်ပေးသွားမယ်လို့ ပြောလိုက်တဲ့ မြန်မာဖိုက်တာ ဆွန်ရက်

Dawei Watch

October 25, 2024

မြန်မာဖိုက်တာ ဆွန်ရက် ဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာထိုးရမယ့်ပွဲ အနိုင်ရပြီး ဘောနပ်စ် ရရှိခဲ့ရင် အဲ့ဒီငွေတွေနဲ့ သူ့မိဘတွေကို အိမ်ဆောက်ပေးဖို့ စိတ်ကူးရှိနေပါတယ်။ ONE မှာသာ အခွင့်အရေးတွေ မရခဲ့ဘူးဆိုရင် သူ့အနေနဲ့ ဒီလိုဖြစ်လာဖို့က မလွယ်လောက်ဘူးလို့လည်း ဆွန်ရက်က ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။ ဆွန်ရက်ဟာ အခုမတိုင်ခင် ထိုးခဲ့တဲ့ နှစ်ပွဲမှာ အနိုင်ရရှိခဲ့လို့ အဲ့ဒီကနေ ရရှိတဲ့ ဘောနပ်စ်ဆုကြေးတွေနဲ့ မိဘတွေအတွက် မြေကွက်တွေ ဝယ်ထားပြီးပါပြီ။ မိဘတွေအတွက် မြေကွက်တွေကို ကန်ချနာဘူရီဘက်မှာ ဝယ်ယူထားတာဖြစ်တယ်လို့ ဆွန်ရက်က အသိပေးပါတယ်။ အဲ့ဒီလို မြေကွက်တွေ ပိုင်ဆိုင်ထားပြီးပြီဖြစ်လို့ ဒီပွဲမှာသာ ဘောနပ်စ် ရခဲ့မယ်ဆိုရင် မိဘတွေအတွက် အိမ်တစ်လုံးဆောက်ပေးချင်ကြောင်း ဆွန်ရက်က ပြောကြားသွားခဲ့ပါတယ်။

ပရိသတ်တွေမျှော်လင့်နေတဲ့အတိုင်း စိုးလင်းဦးနဲ့ဆက်ဆန် ထိုးဖို့ ပွဲစီစဉ်ပေးလိုက်ပြီ

Dawei Watch

October 24, 2024

ပွဲကတော့ တကယ်ဖြစ်လာခဲ့ပါပြီ။ ဆက်ဆန်နဲ့ စိုးလင်းဦး ကို ONE ဘက်က ပွဲတည်ပေးလိုက်ပါပြီ။ ပရိသတ်တွေက စိုးလင်းဦးအတွက် နောက်တစ်ပွဲကို ဆက်ဆန်နဲ့ ဖြစ်စေချင်တယ်လို့ တောင်းဆိုနေချိန်မှာပဲ ONE ဘက်က အတိအကျ ပွဲစီစဉ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီပွဲဟာ ONE အတွက် စိုးလင်းဦးက ပုံရိပ်မြင့်တဲ့ ကစားသမားတစ်ယောက်၊ ဈေးကွက်အရ အကျိုးအမြတ်ရှိနေတဲ့ ကစားသမားတစ်ယောက်ဆိုတဲ့တွေးဆချက်ကိုလည်း ပိုပြီး ခိုင်မာသွားစေခဲ့ပါတယ်။ နာဘီးလ် လို ဖိုက်တာတစ်ယောက်ကို အရေးနိမ့်လိုက်ပေမယ့် နောက်ထပ်ဖိုက်တာကောင်းတစ်ယောက်နဲ့ စိုးလင်းဦးကို ထပ်ပြီး ပွဲတည်ပေးလိုက်တာဟာ ONE ဘက်ကနေ စိုးလင်းဦးကို ယုံကြည်ချက် မြင့်မြင့်မားမား ထားရှိနေလို့ပဲဖြစ်ပါတယ်။

ထူးထူးခြားခြား အားကစားသတင်းများ

Dawei Watch

October 21, 2024

အခုတစ်ပတ်မှာလည်း Dawei Watch ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အားကစားသတင်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ လိဂ်ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လာခဲ့လို့ ဘောလုံးပွဲတွေကိုလည်း စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာခဲ့ပြီဖြစ်သလို ONE ဘက်မှာကလည်း ပွဲကောင်းတွေ ရှိလို့နေပါတယ်။ (၁) လူဝင်ရောက်ကြည့်ရှုမှုအများဆုံးဝက်ဘ်ဆိုက်အဖြစ် ၈ နှစ်ဆက် ရပ်တည်နေဆဲ ရီးရဲလ်မက်ဒရစ် (၂) သမီး လက်ထပ်သွားပြီဖြစ်လို့ မော်ရင်ညို ယောက္ခမနေရာ ရောက်သွားခဲ့ပြီ (၃) ဆွီဒင်ခရီးစဉ်မှာ မုဒိမ်းမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမ်ဘတ်ပေ (၄) စီရော်နယ်ဒိုဟာ ဂိုး ၁,၀၀၀ ပြည့်ဖို့ ၉၃ ဂိုးပဲ လိုတော့တယ် (၅) အေလာဘာရဲ့ ကစားသမားဘဝ ဒဏ်ရာကြောင့် ဆုံးခန်းတိုင်တော့မလား

⁨လှုပ်လှုပ်ခတ်ခတ် ONE Fights သတင်းများ

Dawei Watch

October 21, 2024

အခုတစ်ပတ်ထဲမှာ အလှုပ်အခတ်များပြားခဲ့တဲ့ ONE Fights နဲ့ MMA သတင်းလေးတွေကို Dawei Watch ရဲ့ပရိသတ်တွေအတွက် စုစည်းတင်ဆက် ပေးလိုက်ပါတယ်။ (၁) မြန်မာဖိုက်တာ အဲ့မွီနဲ့ ဆွန်ရက်တို့ ဘယ်ဖိုက်တာတွေနဲ့ ထိုးရမလဲ (၂) ရှုံးပွဲကြုံသွားတဲ့ ချင်းဖိုက်တာ တီရယ်လ်ထန် (၃) ဖိုက်တာဘဝကနေ အနားယူပြီလို့ ကြေညာလိုက်တဲ့ တက်သစ်စဖိုက်တာ စောစံမြှား⁩

လေ့ကျင့်ချိန် ရက်ပိုင်းလောက်ပဲ ရပြီး ပွဲထိုးရတော့မယ့် ချင်းဖိုက်တာလေး တီရယ်လ်ထန်

Dawei Watch

October 16, 2024

အောက်တိုဘာလ ၁၈ ရက်နေ့ရောက်ရင် ချင်းဖိုက်တာလေး တီရယ်လ်ထန် က ပွဲထိုးရတော့မယ်လို့ သိရှိရပါတယ်။ MMA ပွဲစဉ်ဖြစ်ပေမယ့် UFC အဆင့်ပွဲစဉ်တော့ မဟုတ်ပါဘူး။ Cage Fury Fighting Championships (CFFC) ဆိုတဲ့ အမေရိကန် East Coast က ဒေသဆိုင်ရာပြိုင်ပွဲမှာ တီရယ်လ်ထန်က ဝင်ထိုးမှာဖြစ်ပါတယ်။ The Gold Standard in Regional MMA အဖွဲ့အစည်းက ဦးဆောင်ကျင်းပတဲ့ပွဲတစ်ပွဲဖြစ်ပြီး UFC အဆင့် မဟုတ်ပေမယ့် အဆင့်မြင့်တဲ့ပွဲဖြစ်တယ်လို့တော့ သတ်မှတ်ခံထားရပါတယ်။ တီရယ်လ်ထန် ဟာ ဒီပြိုင်ပွဲကို Short Notice နဲ့ ဝင်ထိုးခွင့်ရခဲ့တာပါ။ ပြိုင်ပွဲနားနီးမှ သိရတာဖြစ်တဲ့အတွက် လေ့ကျင့်ပြင်ဆင်ချိန်က ရက်ပိုင်းလောက်သာ ရရှိနိုင်တော့တာကို မြင်တွေ့ရပါတယ်။

မိသားစုဘဝလေးတည်ထောင်လိုက်ပြီဖြစ်တဲ့ မြန်မာ့ပထမဆုံး MMA ဖိုက်တာအမျိုးသမီး အန်တိုနီယာ

Dawei Watch

October 13, 2024

ONE Championship ရဲ့အစောပိုင်းကာလတွေကို သိမီလိုက်သူတွေသာ သူမကို မှတ်မိကြပါလိမ့်မယ်။ သူမဟာလည်း ဗရော်နီကာ လို ကယန်းသူတစ်ယောက်ပါပဲ။ ONE Championship မှာ ဝင်ထိုးခဲ့တဲ့ ပထမဆုံး မြန်မာကိုယ်စားပြု MMA ဖိုက်တာအမျိုးသမီးက သူမ ပဲဖြစ်ပါတယ်။ သူမရဲ့နာမည်က ဘိုဇီးနား အန်တိုနီယာ ပါ။ ONE Championship ရဲ့အစောပိုင်းကာလတွေတုန်းက အန်တိုနီယာရဲ့နာမည်ဟာ တကယ့်ကို လျှမ်းလျှမ်းတောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒီနေ့ ဒီကာလမှာ မီဒီယာတွေက သန့်ဇင်တို့၊ စိုးလင်းဦးတို့၊ ဗရော်နီကာတို့ရဲ့နောက်ကို လျှောက်လိုက်ခဲ့သလို အဲ့ဒီအချိန်တုန်းက အန်တိုနီယာမှ အန်တိုနီယာရယ်လို့ ဖြစ်ခဲ့ကြတာပါ။ ဘိုဇီးနား အန်တိုနီယာ ဟာ အောင်လအန်ဆန်း၊ တီရယ်လ်ထန်၊ ဖိုးသော် တို့နဲ့တစ်ခေတ်တည်းလို ထွန်းတောက်လာခဲ့သူပါ။ အောင်လအန်ဆန်းရဲ့ဝန်ရံအားပေးမှုတွေ၊ အောင်လအန်ဆန်းရဲ့ပံ့ပိုးကူညီမှုတွေကို အများကြီးရရှိခဲ့တဲ့ မြန်မာအမျိုးသမီးဖိုက်တာလည်း ဖြစ်ပါတယ်။