ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား/ကမ္ဘာ့ဖလား

UFC 310 မှာ ချင်းဖိုက်တာ ဂျိုရွှာဗန်က ဝါရင့်ဖိုက်တာကို အနိုင်ထိုး

Dawei Watch

December 9, 2024

UFC 310 ပြိုင်ပွဲမှာတော့ ချင်းဖိုက်တာလေး ဂျိုရွှာဗန်အစွမ်းပြသွားခဲ့ပါတယ်။ ချင်းဖိုက်တာလေး ဂျိုရွှာဗန် ဟာ ဝါရင့်ဖိုက်တာကြီး ကိုဒီဒါဒန်ကို အမှတ်နဲ့ အနိုင်ယူသွားခဲ့တာပါ။ ဂျိုရွှာဗန်အတွက် ခက်ခဲလောက်မယ်လို့ ယူဆခဲ့ပေမယ့် အမှန်တကယ် ပွဲကစားချိန်မှာတော့ ဂျိုရွှာဗန်က အသာစီးကနေ ထိုးသွားခဲ့ပါတယ်။ ကိုဒီဒါဒန် ဟာ မာဂုဏ်မြင့်တဲ့ဖိုက်တာတစ်ယောက်ဖြစ်တာကြောင့်သာ အမှတ်နဲ့ဆုံးဖြတ်ခံရတဲ့အခြေအနေအထိ ဂျိုရွှာဗန်ကို ဆွဲခေါ်သွားနိုင်ခဲ့တာပါ။ တော်တန်ရုံဖိုက်တာမျိုးဆိုရင် ဂျိုရွှာဗန် အလဲထိုးပြနိုင်လိုက်မှာက သေချာသလောက် ရှိနေပါတယ်။ ဂျိုရွှာဗန်ဟာ ဒီပွဲကို အနိုင်ရလိုက်တဲ့အတွက် UFC Flyweight မှာ Ranking ဝင်တဲ့ကစားသမားဖြစ်လာဖို့ နီးစပ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ချင်းဖိုက်တာလေး ဂျိုရွှာဗန်က ရှေ့လာမယ့်ပွဲတွေမှာ သူ့ကို မြန်မာအလံခြုံလွှမ်းပြီး ကစားခွင့်ပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။

ပွဲစလို့ ၅ စက္ကန့်အတွင်းမှာတင် ပြိုင်ဘက်ကို အလဲထိုးပြီး ၇ ပွဲထိုး၊ ၇ ပွဲနိုင်သွားတဲ့ မွန်ဖိုက်တာ ပုညစိုင်း

Dawei Watch

December 9, 2024

Soma Fight Series 13 ပြိုင်ပွဲရဲ့ ခေါင်ပွဲကို ထိုးခွင့်ရခဲ့တဲ့ မွန်ဖိုက်တာလေး ပုညစိုင်းကတော့ တကယ့်ကို အံ့အားသင့်စရာ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ ပုညစိုင်းဟာ Soma Fight Series 13 ပြိုင်ပွဲရဲ့ ခေါင်ပွဲကို အစားထိုးဖိုက်တာအဖြစ် ထည့်သွင်းပေးတဲ့ ဖိလစ်ပိုင်ဖိုက်တာ မာ့ခ်ဂျိုးဆက်ပ်နဲ့ ထိုးခဲ့ရတာပါ။ မာ့ခ်ဂျိုးဆက်ပ် ဟာ ပွဲထိုးချိန်တောင် မရလိုက်ပါဘူး။ ပွဲစလို့ ၅ စက္ကန့်မှာတင် ပုညစိုင်းရဲ့အလဲထိုးတာကို ခံလိုက်ရပါတယ်။ ပုညစိုင်းကတော့ ဒီပွဲမှာ အနိုင်ရလိုက်တာကြောင့် ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ၇ ပွဲထိုးတာမှာ ၇ ပွဲလုံးနိုင်တဲ့မှတ်တမ်းကို ရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။

ဆက်ခ်ဆန်နဲ့ ပွဲမပျက်ဘူး၊ ပွဲဟာ နဂိုအတိုင်းဖြစ်တယ်၊ ထိုးဖြစ်မယ်လို့ စိုးလင်းဦး အတည်ပြုပြီ

Dawei Watch

December 7, 2024

စိုးလင်းဦးနဲ့ ကိုစောဖြိုးဝေ တို့က ဆက်ခ်ဆန်နဲ့ ထိုးရမယ့်ပွဲဟာ ပွဲမပျက်ဘူး၊ ပွဲထိုးဖြစ်တယ်လို့ အတည်ပြုပေးလိုက်ပါပြီ။ ONE ဘက်က အတည်ပြုချက် မထုတ်ပြန်သေးပေမယ့် ONE ဘက်က မီးစိမ်းးပြလိုက်လို့ပဲ စိုးလင်းဦးနဲ့ ကိုစောဖြိုးဝေ တို့က ပွဲထိုးဖြစ်တယ်ဆိုတာကို အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က ကားမတော်တဆမှုဖြစ်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ အခုလို ကျန်းမာရေးစိတ်ချရတဲ့အနေအထားဖြစ်လာပြီး ပွဲထိုးခွင့်လည်း ပြန်ရလိုက်တာက စိုးလင်းဦးအတွက် ဝမ်းသာစရာပါပဲ။ ဆက်ခ်ဆန်ကလည်း ဆိုင်ထိုးပြိုင်ထိုးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ စိုးလင်းဦးနဲ့ပဲ ပွဲထိုးချင်နေတာပါ။ ONE ရဲ့ CEO ချတ်ထရီကိုယ်တိုင်ကလည်း စိုးလင်းဦးနဲ့ ဆက်ခ်ဆန်တို့ရဲ့ ပွဲဟာ ONE 170 ရဲ့ Crazy Fight လို့ကို ပြောထားပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ […]

မန်ယူဟာ ပြန်လာမယ်၊ နိုင်ပွဲနဲ့အတူ အရောက်ပြန်လာပါလိမ့်မယ်

Dawei Watch

December 7, 2024

မန်ယူ – နော်တင်ဟမ် မန်ယူအတွက် နိုင်ကိုနိုင်မှဖြစ်မယ့်ပွဲလို့ ပြောရပါလိမ့်မယ်။ ကြးရက်တုန်းက အာဆင်နယ်ကို ရှုံးနိမ့်ထားပြီး အခုပွဲပြီးရင် ကစားရမဉ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူကို စောင့်ကြိုနေတာက မန်စီးတီးနဲ့ စပါးဖြစ်ပါတယ်။ နော်တင်ဟမ်က ကစားပုံ တိုးတက်လာပေမယ့် မန်ယူကို ယှဉ်နိုင်လောက်တဲ့အဆင့်မျိုးတော့ မဟုတ်ပါဘူး။ ကြားရက်တုန်းက အာဆင်နယ်နဲ့ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရတဲ့ မိုင်နူးနဲ့ မာတီနက်ဇ်တို့လည်း ဒီပွဲမှာ မန်ယူအတွက် ပွဲထွက်ခွင့်ရှိနေပါပြီ။ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားရဖို့ ရှိနေတာကြောင့် မန်ယူဟာ နိုင်ပွဲနဲ့အတူ ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။

ဒီည ကစ်ဘောက်ဆင်ပွဲ ထိုးရမယ့် စိုးလင်းဦးကို နိုင်ထားသူ နာဘီးလ်ရဲ့ပွဲ ပျက်သွားပြီ

Dawei Watch

December 6, 2024

စိုးလင်းဦး ကို အနိုင်ထိုးလိုက်ပြီးတဲ့နောက် နာဘီးလ်ကို မြန်မာနိုင်ငံက ONE ပရိသတ်တွေလည်း စိတ်ဝင်တစားရှိလာခဲ့ပါတယ်။ ခြေတံလက်တံရှည်လျားပြီး အရပ်အမောင်းမြင့်မားတဲ့ နာဘီးလ်ကို နောက်တစ်ပွဲမှာ ဘယ်သူနဲ့ ပေးတွေ့လေမလဲလို့ အားလုံးက စောင့်မျှော်နေခဲ့ကြတာဖြစ်ပါတယ်။ ဒီညမှာ ထိုးရမယ့် ONE Fight Night ပြိုင်ပွဲကြီးမှာ နာဘီးလ်ရဲ့ ပွဲကို ဒုခေါင်ပွဲအဖြစ် တည်ပေးလိုက်တော့ ONE ပရိသတ်တွေက အရမ်းပဲ ရင်ခုန်နေသွားခဲ့ကြပါတယ်။ နာဘီးလ်ကို ကစ်ဘောက်ဆင်နည်းနဲ့ ထိုးခိုင်းထားတော့ ဒီပွဲမှာ နာဘီးလ် ဘာလုပ်ပြလေမလဲကို စောင့်ကြည့်ချင်နေကြတာပါ။ နာဘီးလ်နဲ့ ပွဲတည်ပေးထားသူက ကစ်ဘောက်ဆင်ချန်ပီယံဟောင်း ပက်ချ်တာနွန် ဖြစ်နေလို့ ပရိသတ်တွေက ပွဲကို ပိုပြီး ရင်ခုန်ခဲ့ကြပါတယ်။ အခုတော့ ပြိုင်ပွဲထိုးရမယ့်နေ့ကိုရောက်မှ ပွဲပျက်သွားခဲ့ပါပြီ။ ဒီညမှာ နာဘီးလ်ရဲ့ ပွဲ မပါဝင်တော့ပါဘူး။

မြန်မာဖိုက်တာနဲ့ ပွဲထပ်ထိုးရတော့မယ့် ထိုင်းကရင်စပ် လေဒီဘွိုင်းအချောအလှဖိုက်တာ ပက်ချွန်းပူ

Dawei Watch

December 5, 2024

ဒီဖိုက်တာကတော့ လေဒီဘွိုင်းဖိုက်တာ ပါ။ ထိုင်းကရင်စပ်ဖိုက်တာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ မြန်မာဖိုက်တာ သိန်းမင်းကို အနိုင်ကစားပြလိုက်လို့ နာမည်ကြီးသွားခဲ့ပါသေးတယ်။ ဒီ ထိုင်းကရင်စပ်ဖိုက်တာ လေဒီဘွိုင်းရဲ့နာမည်က ပက်ချွန်းပူ ပါ။ မိန်းကလေးတစ်ယောက်လို နုဖတ်ချောမောလွန်းလို့ မသိတဲ့သူတွေက သူထိုးတဲ့ပွဲတွေကို ယောက်ျားနဲ့ မိန်းမ ထိုးတဲ့ပွဲလို့တောင် ထင်မှတ်ကြသေးတာပါ။ အခုတော့ ပက်ချွန်းပူကို နောက်ထပ်မြန်မာဖိုက်တာတစ်ယောက်နဲ့ ပွဲတည်ပေးလိုက်ပါပြီ။ ထွန်းမင်းနိုင် ပွဲထိုးရမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ Lumpinee Championship ပြိုင်ပွဲမှာ ပက်ချွန်းပူရဲ့ ပွဲစဉ် ပါဝင်လာမှာပါ။ ပက်ချွန်းပူ ဟာ အခုတစ်ကြိမ်မှာတော့ မြန်မာဖိုက်တာ ကာရီ ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် Lumpinee Championship ပြိုင်ပွဲကြီးရဲ့ ဒုတိယပွဲစဉ်အဖြစ် ပက်ချွန်းပူနဲ့ ကာရီ တို့က […]

မန်ယူကို အရှုံးအရသာ ပြန်မှတ်မိအောင် အာဆင်နယ် လုပ်လေမလား

Dawei Watch

December 4, 2024

အာဆင်နယ်နဲ့ မန်ယူတို့ ထိပ်တိုက်တွေ့မယ့်ပွဲဟာ အခုအချိန်ထိ အားပေးသူတွေရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ဆဲပါပဲ။ မန်ယူဟာ နည်းပြတန်ဟတ်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက် ဆက်တိုက်ဆိုသလိုပဲ ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိလာခဲ့ပါတယ်။ နည်းပြ အေမိုရင်ရဲ့လက်ထက်မှာ မန်ယူ ဘယ်လောက်အတိုင်းအတာ တိုးတက်မှုရှိလာပြီလဲဆိုတာကို အကဲဖြတ်ကြရမယ့်ပွဲစဉ်ပါပဲ။ အာဆင်နယ်ကလည်း လီဗာပူးကို ဖိအားအဆက်မပြတ်ပေးထားနိုင်ဖို့ အမှတ်လိုအပ်ချက်တွေ ရှိနေပါတယ်။ အာဆင်နယ်ကို ပြီးခဲ့ရာသီတုန်းက မန်ယူ နှစ်ကျော့လုံး မနိုင်ခဲ့ပါဘူး။ အာဆင်နယ်ရဲ့အိမ်ကွင်း အမ်းမရိတ်စ်မှာဆိုရင် မန်ယူ အမြဲလိုလို ရုန်းကန်ရတတ်လေ့ရှိပါတယ်။ ဒီညမှာ မန်ယူ ရလဒ်ကောင်းပါ့မလား။

လွယ်ကထုံမျှောပြီး ONE အချောလေး Stamp Fairtex ဘာဆုတွေတောင်းခဲ့သလဲ

Dawei Watch

November 26, 2024

လွယ်ကထုံ မျှောတဲ့ပွဲမှာ Stamp Fairtex ပါဝင်ဆင်နွှဲခဲ့ပါတယ်။ One Championship ရဲ့အချောလေး Stamp Fairtex ပါဝင်ဆင်နွှဲခဲ့တဲ့ လွယ်ကထုံမျှောပွဲဆိုတာကလည်း တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်တစ်ခုပါ။ တချို့တွေက လွယ်ကထုံမျှောတယ်ဆိုတာ မကောင်းတာတွေ၊ မလိုချင်တာတွေကို မျှောပစ်ပြီး လိုချင်တာကို ပြန်ဆုတောင်းရတာလို့ ပြောပြပါတယ်။ လွယ်ကထုံမျှောပွဲက ထိုင်းနိုင်ငံတစ်ဝှမ်းနဲ့ ထိုင်းနိုင်ငံအနောက်တောင်ပိုင်းကဒေသတွေမှာ အရမ်းပဲ ရေပန်းစားပါတယ်။ ထိုင်းလတွေရဲ့ ၁၂ လမြောက်လရဲ့လပြည့်ညကိုရောက်ရင် လွယ်ကထုံမျှောပွဲကို ကျင်းပလေ့ရှိပါတယ်။ ထိုင်းလူမျိုးတွေဟာ ရွှံ့နဲ့အလှဆင်ထားတဲ့တောင်းတွေကိုပြုလုပ်ပြီး လွယ်ကထုံမျှောကြပါတယ်။ One Championship ရွှေခါးပတ်ဆုရှင် Stamp Fairtex ဟာ လွယ်ကထုံမျှောပွဲမှာ ပျော်ရွှင်စွာပါဝင်ဆင်နွှဲရင်း လွယ်ကထုံမျှောသွားခဲ့တာပါ။ မြစ်စောင့်နတ်သမီးဆီမှာ ဘယ်လို မကောင်းတာတွေ၊ မလိုချင်တာတွေကို Stamp Fairtex က မျောပါသွားစေကြောင်း ဆုတောင်းပြီး ဘာတွေပြန်ရရှိစေဖို့ […]