ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား/ကမ္ဘာ့ဖလား

အတွင်းဒဏ်ရာရှိနေတယ်လို့ဆိုတဲ့ စိုးလင်းဦး ပွဲရလဒ်ကောင်းနိုင်ပါ့မလား

Dawei Watch

January 9, 2025

စိုးလင်းဦး ဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့ကိုရောက်ရင် ဆက်ခ်ဆန်နဲ့ ပွဲထိုးရပါတော့မယ်။ ပွဲထိုးရဖို့ နီးကပ်လာချိန်မှာပဲ စိုးလင်းဦးက စကားတစ်ခွန်း ထုတ်ပြောလာခဲ့ပါတယ်။ အဲ့ဒါကတော့ “အပြင်မှာ ကြီးကြီးမားမား ဒဏ်ရာ မရပေမယ့် ကျွန်တော့်မှာ အတွင်းဒဏ်ရာတော့ ရှိတယ်၊ လည်ပင်းက ကောင်းကောင်းလှုပ်လို့ မရဘူး”ဆိုတာပါပဲ။ ဒီစကားကို လေ့လာကြည့်လိုက်ရင် စိုးလင်းဦးက ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မရှိဘဲနဲ့ ပွဲထိုးဖို့ စီစဉ်သလို ဖြစ်လို့နေပါတယ်။ ဒါဟာ တကယ့်ကို စိုးရိမ်စရာအခြေအနေပါပဲ။ ယာဉ်မတော်တဆမှုဖြစ်ထားတာကြောင့် စိုးလင်းဦးရဲ့ပရိသတ်တွေကလည်း ကြံ့ခိုင်မှုမပြည့်ဝတာကို စိုးရိမ်ပူပန်နေကြပါတယ်။ လည်ပင်း ကောင်းကောင်း လှုပ်လို့မရသေးဘူးဆိုတာက တကယ့်ကို စိတ်ပူစရာပါပဲ။ လည်ပင်းဆိုတာက ခန္ဓာကိုယ်ရဲ့အာရုံကြောတွေနဲ့ ချိတ်ဆက်နေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းပါ။ အာရုံစူးစိုက်နိုင်မှုအပိုင်းမှာ အခက်တွေ့လာခဲ့ရင် စိုးလင်းဦးအတွက် ပွဲနိုင်ဖို့က […]

မန်ယူဟာ လီဗာပူးကို ဘယ်လိုမှ နိုင်စရာအကြောင်းမရှိဘူးလို့ပြောရင် လက်ခံပေးပါ

Dawei Watch

January 5, 2025

ဒီညမှာတော့ အခုတစ်ပတ်ရဲ့ BIG MATCH လည်းဖြစ်၊ စူပါဆန်းဒေးပွဲလည်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ယူတို့ရဲ့ ပွဲကို ယှဉ်ပြိုင်ရပါတော့မယ်။ မန်ယူဟာ လီဗာပူးရဲ့ကွင်းမှာ အနိုင်မရခဲ့တာ ခြောက်ပွဲဆက်တိုက် ရှိလာခဲ့ပါပြီ။ အဲ့ဒီပွဲစဉ်ခြောက်ပွဲမှာ လီဗာပူးဘက်ကို မန်ယူ ပြန်သွင်းနိုင်ခဲ့တဲ့ဂိုးက တစ်ဂိုးတည်းသာ ရှိခဲ့ပါတယ်။ လီဗာပူးဟာ ချန်ပီယံပြေးလမ်းထက်က ပြိုင်ဘက်တွေကို အမှတ်ဖြတ်ဖို့အတွက် အိမ်ကွင်းပွဲစဉ်အားလုံးကို အနိုင်ရအောင် ကြိုးစားအားထုတ်နေပါတယ်။ မန်ယူဟာ အရင်ကလောက် ကစားအားမကောင်းတော့သလို အသင်းအထိုင်လည်း ပျက်ယွင်းနေပါပြီ။ လီဗာပူးကို မန်ယူ အပြန်အလှန် ယှဉ်ကစားနိုင်ပါ့မလား။

မန်စီးတီး နိုင်ပွဲဆက်တဲ့ည ဖြစ်လာပါလိမ့်မယ်

Dawei Watch

January 4, 2025

ဒီညမှာတော့ နှစ်သစ်ကူး ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လာပါပြီ။ မန်စီးတီးက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး လန်ဒန်မြို့ခံပြိုင်ဘက်အချင်းချင်း ထိပ်တိုက်တွေ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ချယ်လ်ဆီးပွဲကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ အာဆင်နယ်ကတော့ ခြေစွမ်းမာတဲ့ ဘရိုက်တန်နဲ့ ကစားရမှာပါ။ ဒီညမှာ ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရယူနိုင်လေမလဲဆိုတာကို Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

လှုပ်လှုပ်ရှားရှား မန်ယူသတင်းများ

Dawei Watch

January 3, 2025

ဒီအစီအစဉ်လေးမှာတော့ မန်ယူအသင်းရဲ့သတင်းတွေထဲက စိတ်ဝင်စားစရာအကြောင်းတွေကို ရွေးနုတ်တင်ဆက်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ အခု အစီအစဉ်ထဲမှာတော့ (၁) ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ သုံးပြီး ဂါနာချို ကို ခေါ်ယူချင်နေတဲ့ အက်သလက်တီကို (၂) အဲရစ်ခ်ဆန်၊ အန်တိုနီနဲ့ ရတ်ရှ်ဖို့ဒ် တို့ မန်ယူကနေ အငှားနဲ့ ထွက်ရလေတော့မလား? (၃) ကျွန်တော့်ရဲ့နည်းစနစ်တွေကို ပြောင်းလဲသွားစရာ အကြောင်းမရှိဘူးလို့ ပြောလိုက်တဲ့ မန်ယူနည်းပြ အေမိုရင် (၄) ရှေ့လာမယ့် ၂ ပွဲမှာ ထပ်ရှုံးခဲ့ရင် မန်ယူနည်းပြ အေမိုရင်ရဲ့အနာဂတ် လှုပ်ခတ်သွားဖို့ ရှိနေပြီ (၅) မန်ယူရဲ့သမိုင်းမှာ ၁၀၃ နှစ်ကြာ ပျောက်ဆုံးနေတဲ့မှတ်တမ်းဆိုးကို ရယူပြလိုက်တဲ့ နည်းပြ အေမိုရင်

၂၀၂၄ ကို နိုင်ပွဲရယူပြီး မန်ယူ နှုတ်ဆက်နိုင်လေမလား

Dawei Watch

December 30, 2024

ဒီညမှာတော့ မန်ယူက နယူးကာဆယ်ကို သူ့အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရပါတော့မယ်။ နယူးကာဆယ်က လေးပွဲဆက်တိုက် အနိုင်ရရှိထားချိန်မှာ မန်ယူကတော့ သုံးပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ ဒီပွဲပြီးရင် လီဗာပူး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့ မန်ယူအတွက် ပွဲကျပ်တွေချည်းပါပဲ။ မန်ယူဟာ နိုင်ပွဲတစ်ပွဲရဖို့ လိုအပ်နေပါပြီ။ ဒီပွဲကိုမှ အိမ်ကွင်းမှာ မနိုင်ခဲ့ဘူးဆိုရင် မန်ယူနည်းပြ အေမိုရင်ဟာ ဖိအားတွေ တိုးသွားပါလိမ့်မယ်။ နယူးကာဆယ်က ပုံစံကောင်းတစ်ခု ရရှိနေတဲ့အသင်းဖြစ်လို့ မန်ယူ မလွယ်လောက်ပါဘူး။ ဒီညမှာ သုံးပွဲဆက်အရှုံးရလဒ်ကို မန်ယူ ရပ်တန့်နိုင်လေမလားဆိုတာ စောင့်ကြည့်ကြရပါလိမ့်မယ်။

အခွင့်သာခိုက်မှာ အာဆင်နယ်က နိုင်ပွဲ အရယူပြလိမ့်မယ်

Dawei Watch

December 27, 2024

မနေ့တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘောက်ဆင်းဒေးနေ့ပွဲတွေမှာ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ခြေချော်သွားခဲ့ပါတယ်။ အသင်းကြီးတွေထဲကဆိုရင် လီဗာပူးပဲ နိုင်ခဲ့တာပါ။ အခုအတိုင်းဆိုရင် လီဗာပူးက ပြိုင်ဘက်တွေကို အမှတ်ထပ်ဖြတ်နိုင်ဖို့ နှာတစ်ဖျား ပြန်သာသွားခဲ့ပြန်ပါပြီ။ နော်တင်ဟမ်က ဇယားထိပ်ပိုင်းကို တက်နေပေမယ့် အချိန်တန်ရင် သူ့နေရာမှန်ဆီ သူပြန်ရောက်သွားမှာပါ။ အာဆင်နယ်က ဒီညမှာတော့ အစ်ဆွစ်ချ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ အစ်ဆွစ်ချ်ကိုသာ အနိုင်ရလိုက်မယ်ဆိုရင် အာဆင်နယ်အတွက် အခွင့်အလမ်းကောင်းတချို့ ပြန်လည်ပေါ်ထွက်လာမှာပါ။ အိမ်ကွင်းမှာ ကစားရမယ့်ပွဲဖြစ်နေလို့ အာဆင်နယ်က အသာရသလို ရှိလို့နေပါတယ်။

မပြီးသေးဘူး…မန်စီးတီးအလှည့်ကျန်သေးတယ်

Dawei Watch

December 26, 2024

ဘောက်ဆင်းဒေး ဒီညမှာတော့ ပရီးမီးယားလိဂ်ဘောက်ဆင်းဒေးပွဲတွေ ကစားသွားဖို့ ရှိနေပါတယ်။ မန်စီးတီးကတော့ အိမ်ကွင်း အီတီဟတ်ဒ်မှာ အဲဗာတန်ကို ဧည့်ခံကစားရမှာပါ။ အဲဗာတန်ကတော့ အရင်တုန်းကလို အလယ်အလတ်အသင်းအဆင့်မှာ ရှိမနေတော့ဘဲ တန်းမဆင်းရရေး ရုန်းကန်ရတဲ့ဘဝဆီကို ရောက်ရှိလို့နေပါပြီ။ မန်စီးတီးကလည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ် ၁၂ ပွဲမှာ နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိထားလို့ ဖိအားတွေအောက်ကို ရောက်ရှိနေပါပြီ။ ဘောက်ဆင်းဒေးနေ့မှာ မန်စီးတီး ရလဒ်ကောင်း ရယူပြနိုင်လေမလားဆိုတာကို စောင့်ကြည့်ရင်ခုန်ကြရပါလိမ့်မယ်။

ကယန်းဖိုက်တာမလေး ဗရော်နီကာ အမှတ်တရတီရှပ်အင်္ကျီ အထည် ၁၀၀ ရောင်းပေးပြီ

Dawei Watch

December 23, 2024

ကယန်းကျားသစ်မလေးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကယန်းဖိုက်တာမလေး ဗရော်နီကာ ဟာ အမှတ်တရ တီရှပ်အင်္ကျီ ရောင်းချပေးပါတော့မယ်။ ဗရော်နီကာ ဟာ တီရှပ်အင်္ကျီတစ်ထည်ကို တန်ကြေး ဘတ် ၄၀၀ သတ်မှတ်ထားပြီး အထည် ၁၀၀ ပဲ ရောင်းပေးသွားမယ်လို့ သိရှိရပါတယ်။ အထည် ၁၀၀ တာသာ ရောင်းချပေးမှာဖြစ်လို့ အမှတ်တရ Limited Edition ထုတ်လုပ်တဲ့သဘောလို့တောင် ပြောနိုင်ပါတယ်။ ကယန်းကျားသစ်မလေး ဗရော်နီကာ ကလည်း အင်္ကျီကို သဘောကျတယ်ဆိုရင် ကြိုမှာထားဖို့နဲ့ မကြာခင်မှာ ရောင်းချပေးသွားတော့မှာပဲဖြစ်တယ်လို့ သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။