ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား/ကမ္ဘာ့ဖလား

ONE မှာ နှစ်ပွဲဆက် မရှုံးဖူးသေးလို့ သန့်ဇင်ကို နိုင်မှာသေချာတယ်ဆိုတဲ့ ဆူရီယန်လက်ခ်

Dawei Watch

January 23, 2025

ONE မှာ နှစ်ပွဲဆက် မရှုံးဖူးသေးလို့ သန့်ဇင်ကို နိုင်မှာသေချာတယ်ဆိုတဲ့ ဆူရီယန်လက်ခ်

စိုးလင်းဦး နိုင်ခဲ့ရင် ဦးသမန်းကျားအတွက်၊ ဆက်ခ်ဆန် နိုင်ခဲ့ရင် မွေးနေ့အမှတ်တရအတွက်ဖြစ်လာမယ့်ပွဲ

Dawei Watch

January 23, 2025

စိုးလင်းဦး နိုင်ခဲ့ရင် ဦးသမန်းကျားအတွက်၊ ဆက်ခ်ဆန် နိုင်ခဲ့ရင် မွေးနေ့အမှတ်တရအတွက်ဖြစ်လာမယ့်ပွဲ

မြန်မာဖိုက်တာတွေ ကံကောင်းတဲ့ အပြာထောင့်ကနေ သန့်ဇင်နဲ့ စိုးလင်းဦးတို့ ထိုးရမယ်

Dawei Watch

January 21, 2025

မြန်မာဖိုက်တာတွေဟာ ဒီနှစ်ထဲမှာတော့ အပြာထောင့်နဲ့ ကံစပ်လို့နေပါတယ်။ ၂၀၂၅ ခုနှစ် နှစ်ဦးကာလထဲမှာ မြန်မာဖိုက်တာ ၄ ယောက် ပွဲထွက်ထားပြီးပါပြီ။ နော်ဥမ္မာစိုး၊ သွေးလင်းထက်၊ စိုးမိုးဇော်နဲ့ စောဂျွန်တို့ပါပဲ။ လေးယောက်လုံးဟာ အပြာထောင့်တွေကနေ ပွဲတက်ထိုးပြီး နိုင်ပွဲတွေ အရယူနိုင်ခဲ့ကြပါတယ်။ ONE 170 မှာ စိုးလင်းဦးနဲ့ သန့်ဇင်တို့က အပြာထောင့်ကနေ ထိုးရမယ့်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အပြာထောင့်ကနေ ဖိုက်တာတွေ ရလဒ်ကောင်းနေချိန်မှာ အပြာထောင့်ကနေ ပွဲထိုးခွင့်ရတာကတော့ သန့်ဇင်နဲ့ စိုးလင်းဦးတို့အတွက် ကံကောင်းမှုပါပဲ။ အခုမတိုင်ခင်မှာ အပြာထောင့်ကနေ ပွဲထိုးခွင့်ရပြီး နိုင်ပွဲကိုယ်စီရရှိခဲ့ကြတဲ့ မြန်မာဖိုက်တာတွေလို သန့်ဇင်နဲ့ စိုးလင်းဦးတို့လည်း အပြာထောင့်နဲ့ကံစပ်ပြီး နိုင်ပွဲတွေ ရယူပြနိုင်လေမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါပဲ။

အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့ဖူးသူ ဒီရစ်ဒါ က UFC မှာ ဆက်တိုက် အစွမ်းပြနေပြီ

Dawei Watch

January 20, 2025

UFC 311 မှာ ဟော်လန်ဖိုက်တာ ရိုင်နီရာ ဒီရစ်ဒါကတော့ နှစ်ပွဲထိုး၊ နှစ်ပွဲနိုင် မှတ်တမ်းကို ရယူသွားခဲ့ပါပြီ။ ONE ကနေ UFC ဆီကို ကူးပြောင်းလာခဲ့ပြီးတဲ့နောက် ပုံစံကောင်းကို ထုတ်ဖော်ပြသနိုင်လို့ ဒီရစ်ဒါ က မှတ်ချက်ကောင်းတွေကို ရရှိနေပြီလည်းဖြစ်ပါတယ်။ ONE မှာတုန်းက အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့ဖူးတဲ့ ဒီရစ်ဒါ ဟာ UFC ဘက်ကို ကူးပြောင်းလာခဲ့ပြီးတဲ့နောက် ပထမဆုံးပွဲမှာ အောင်လအန်ဆန်းရဲ့သူငယ်ချင်းကို အနိုင်ယူပြခဲ့တာပါ။ အခုပွဲစဉ်မှာတော့ အောင်လအန်ဆန်းနဲ့အတူတကွလေ့ကျင့်ပြီး ဒီရစ်ဒါက အနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။ UFC 311 မှာ ပြိုင်ဘက်ဖြစ်တဲ့ ကီဗင်ဟော်လန်ကို ပထမပွဲချီမှာတင် လည်ပင်းချုပ်ကွက်နဲ့ အနိုင်ယူပြပြီး ဘောနပ်စ်ဆုကိုလည်း ဒီရစ်ဒါက ရရှိသွားခဲ့ပါပြီ။ နောက်ပွဲကိုရောက်ရင် သူ့ကို Top 5 စာရင်းဝင်ဖိုက်တာတွေထဲက တစ်ယောက်လောက်နဲ့ ပွဲတည်ပေးဖို့အကြောင်းလည်း […]

အက်ဖ်အေဖလားရဲ့အအောင်မြင်ဆုံးနှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲမှာ အာဆင်နယ်ပဲ နိုင်သွားလိမ့်မယ်

Dawei Watch

January 11, 2025

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အာဆင်နယ်နဲ့ မန်ယူတို့ ထိပ်တိုက်တွေ့နေပါပြီ။ မန်ယူနဲ့ အာဆင်နယ်တို့ဟာ အက်ဖ်အေဖလားပြိုင်ပွဲသမိုင်းကြောင်းမှာ အအောင်မြင်ဆုံးအသင်းတွေဖြစ်ပါတယ်။ ချန်ပီယံဆုကို ၁၀ ကြိမ်အထက် ရဖူးတဲ့နှစ်သင်း၊ ဖိုင်နယ်ကို အကြိမ် ၂၀ နဲ့အထက် ရောက်ဖူးတဲ့နှစ်သင်းက မန်ယူနဲ့ အာဆင်နယ်ပါပဲ။ လက်ရှိမှာ မန်ယူက အက်ဖ်အေဖလား ချန်ပီယံအသင်းဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အိမ်ရှင်အဖြစ် ကစားရမှာပါ။ လက်ရှိမှာ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်က မန်ယူက အပြတ်သာလွန်နေပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်မှာ VAR ကို အသုံးမပြုပါဘူး။ အခါးသီးဆုံးပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ရဲ့ ပွဲစဉ်မှာ ဘယ်အသင်းက နောက်တစ်ဆင့်ဆီ တက်လှမ်းသွားလေမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပရီးမီးယားလိဂ်မှာ ဒီနှစ်သင်းထိပ်တိုက်တွေ့တုန်းက အာဆင်နယ်ဟာ မန်ယူကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

ပထမအချီမှာတင် သွေလင်းထက် က အလဲထိုးပြီး၊ ဘောနပ်စ် ဘတ် ၃ သိန်းခွဲသိမ်းပိုက်

Dawei Watch

January 11, 2025

ပထမအချီမှာတင် သွေလင်းထက် က အလဲထိုးပြီး၊ ဘောနပ်စ် ဘတ် ၃ သိန်းခွဲသိမ်းပိုက်