ချန်ပီယံလိဂ် တတိယညမှာ ဘယ်အသင်းတွေကို အားပေးကြမလဲ
Dawei Watch
September 19, 2024ချန်ပီယံလိဂ်စနစ်သစ်အရ ချန်ပီယံလိဂ်ကို ညကြီး ၃ ညဆက်တိုက် ကြည့်ရဖို့ ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့်လည်း ကစားသမားတွေက ပွဲစဉ်တွေ ရက်ကပ်လွန်းပြီး အနားရတဲ့အချိန်က နည်းလာတယ်လို့ အသံထွက်လာတာပါ။ ဒီညမှာ ကစားရမယ့်အသင်းတွေဟာဆိုရင် နှစ်ရက်လောက် နားပြီးတာနဲ့တပြိုင်နက် ပြည်တွင်းလိဂ်ပွဲတွေ ကစားရဖို့ ရှိလာတော့မှာပဲဖြစ်ပါတယ်။ အဝေးကွင်းပွဲစဉ် လာရောက်ကစားရတဲ့အသင်းတွေဆိုရင် အပြန်ခရီးနဲ့ လေ့ကျင့်ရေးဆင်းရမှုတွေက တစ်ဆက်တည်းဖြစ်သွားလို့ ပင်ပန်းမှုတွေ ဖိစီးလာမှာပါ။ ဒီည ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရရှိသွားလေမလဲ?


