ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား/ကမ္ဘာ့ဖလား

သောကြာညမှာ One Fight ကြိုးဝိုင်းထဲကို ဝင်လာတော့မယ့် မြန်မာဖိုက်တာ စူပါရေချမ်း

Dawei Watch

August 27, 2024

One Fights ကတော့ မြန်မာဖိုက်တာတွေကို ဆက်တိုက်ဆိုသလိုပဲ ပွဲသွင်းပြီး နေရာပေးနေသလား ထင်နေရပါပြီ။ အခုတစ်ပတ်မှာလည်း One Friday Fights စင်မြင့်ထက်ဆီကို မြန်မာဖိုက်တာတစ်ယောက် ရောက်လာဦးမှာပါ။ အဲ့ဒီဖိုက်တာကတော့ စူပါရေချမ်းပါပဲ။ စူပါရေချမ်း ဆိုတဲ့နာမည်ကို ဘုန်းကြီးက မှည့်ခေါ်ပေးခဲ့တာလို့ ဆိုပါတယ်။ မြိုင်ကလေး ကူးဆိပ်အောက်ပိုင်းသားလေး စူပါရေချမ်းကို သူ့ပရိသတ်တွေက ဟိုးအရင်ကတည်းက One ဝင်ထိုးစေချင်ခဲ့တာပါ။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် အခုအချိန်ရောက်မှပဲ စူပါရေချမ်းက One Fights ဆီကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စူပါရေချမ်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီကိုရောက်ရှိပြီး သူထိုးမယ့်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေပါပြီ။ စူပါရေချမ်းကို One မှာ ပွွဲသွင်းပေးလိုက်သူက ဆရာစောဖြိုးဝေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ One Friday Fights 76 မှာ […]

ဒီနေ့ထိုးရမယ့် One Friday Fights 76 ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ ၅ ယောက်လုံး ရလဒ်ကောင်းနိုင်ပါ့မလား

Dawei Watch

August 23, 2024

ဒီနေ့မှာဆိုရင် မြန်မာဖိုက်တာ ၅ ယောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့ One Friday Fights 76 ပြိုင်ပွဲကြီး ရောက်ရှိလာတော့မှာပါ။ အခု ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီက လမ်းပီးနီး အားကစားကွင်းကြီးထဲမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒါဟာ မြန်မာဖိုက်တာ လက်ဝှေ့သမားတွေအတွက် One Friday Fights တွေမှာ စံချိန်တင်အရေအတွက်နဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတာပါပဲ။ မြန်မာဖိုက်တာ သန့်ဇင် ဆိုရင် ဒုတိယခေါင်ပွဲအထိတောင် တက်ထိုးခွင့်ရထားပါတယ်။ ဒီပြိုင်ပွဲကြီးမှာသာ မြန်မာဖိုက်တာ လက်ဝှေ့သမားတွေ တက်ညီလက်ညီ အစွမ်းပြလိုက်နိုင်မယ်ဆိုရင်တော့ နောက်ထပ် မြန်မာလက်ဝှေ့သမားတွေအတွက် One Friday Fights မှာ လမ်းစတွေ ထွက်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။ မြန်မာဖိုက်တာ ၅ ယောက်ထဲက ၃ ယောက်ဟာ ထိုင်းဖိုက်တာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ၂ ယောက်ကတော့ […]

အင်္ဂလန်ချန်ပီယံရှစ်မှာ ခြေချခွင့်ရတဲ့အထိ အောင်မြင်သွားတဲ့ ပထမဆုံး အင်ဒိုနီးရှားဘောလုံးသမား

Dawei Watch

August 22, 2024

မြန်မာနဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား တို့ကတော့ ဘောလုံးဘက်မှာ တိုးတက်သထက် တိုးတက်လာခဲ့ပါပြီ။ အင်ဒိုနီးရှားဆိုရင်လည်း ဥရောပဘောလုံးလောကမှာ ခြေချခွင့်ရရှိတဲ့ကစားသမား ရှိလာခဲ့ပြီဖြစ်လို့ ဒါဟာ လမ်းသစ်တစ်ခု ပွင့်သွားတာလို့ ပြောနိုင်ပါတယ်။ အာရှရဲ့ထိပ်တန်းလိဂ်တွေမှာတောင် အရှေ့တောင်အာရှကစားသမားတွေ နေရာတစ်ခုရနိုင်ဖို့ မလွယ်ကူသေးချိန်မှာ ဥရောပလိဂ်တွေက မျက်စိကျပြီး ခေါ်ယူသွားတယ်ဆိုရင် ဒီကစားသမားရဲ့အရည်အသွေးကို တွက်ဆနိုင်ပါပြီ။ အင်ဒိုနီးရှားဘောလုံးသမားတွေထဲကနေပြီး အင်္ဂလန်ချန်ပီယံရှစ်မှာ ကစားခွင့်ရဖို့ ကံထူးသွားခဲ့သူက မာဆီလီနို ဖာဒီနန် ပါပဲ။ မာဆီလီနို ဖာဒီနန် ဟာ အသက် ၁၉ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့”ဆိုတဲ့စကားဟာ စကားအဖြစ် ပြောရုံ၊ ဆိုင်းဘုတ်မှာ ရေးပြီး ဆိုင်းဘုတ်ထောင်ထားရုံနဲ့ အကောင်အထည် ပေါ်မလာနိုင်ပါဘူး။ တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ မဆုတ်မနစ် ကြိုးစားမှပဲ အခုလို အရာထင်ထင် ဖြစ်လာနိုင်တာပါ။ […]

မန်ယူဟာ ဂျိမ်းစ်ဘွန်းကို အသင်းမှာကစားပေးဖို့ ခေါ်ခဲ့ဖူးတယ်

Dawei Watch

August 19, 2024

လူသိနည်းပါးလှတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ မန်ယူဟာ ဂျိမ်းစ်ဘွန်းမင်းသားကို အသင်းအတွက် ကစားပေးဖို့ ခေါ်ယူခဲ့ပါသေးတယ်။ အဲ့ဒီကာလတုန်းကတော့ မန်ယူ ခေါ်ယူချင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းမင်းသားက သရုပ်ဆောင် မဖြစ်သေးသလို နာမည်လည်း မကြီးသေးပါဘူး။ စကော့တလန်ရဲ့ဒေသခံကလပ်လေးမှာ ကစားသမားဘဝဖြတ်သန်းနေတဲ့ ဘောလုံးသမားအဖြစ် သူက ရှိနေဆဲပဲဖြစ်ပါတယ်။ အဲ့ဒီ ဂျိမ်းစ်ဘွန်းမင်းသားကတော့ လမ်းလျှောက်တဲ့စတိုင်နဲ့ အရမ်းကို ထင်ပေါ်ခဲ့တဲ့ ဂျိမ်းစ်ဘွန်း ပထမဆုံးမင်းသား ရှောင်ကွန်နရီပဲဖြစ်ပါတယ်။ ရှောင်ကွန်နရီ ဟာ အရမ်းကို ဆင်းရဲနွမ်းပါးလှတဲ့ဘဝကနေ အမြင့်တစ်နေရာဆီကို တက်လှမ်းခဲ့ရသူပါ။ သူ့ရဲ့ဘဝဖြတ်သန်းမှုထဲမှာ ဘောလုံးသမားအဖြစ် ကျင်လည်ခဲ့ရတဲ့အချိန်တွေရှိခဲ့ဖူးတယ်ဆိုတာကို သိရှိသူက အရမ်း အရမ်းကိုပဲ နည်းပါးလွန်းလှပါတယ်။ ဒါ့အပြင် မန်ယူက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးတယ်ဆိုတာကျတော့ တကယ့်ကို အတွင်းကျလွန်းလှတဲ့အကြောင်းအရာဖြစ်သွားခဲ့ပါပြီ။ ဒီနေ့မှာတော့ အဲ့ဒီအကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပါ။

ချင်းလူမျိုး ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား တီရယ်လ်ထန် ဒီနေ့ စိန်ခေါ်ပွဲ ထိုးမယ်

Dawei Watch

August 16, 2024

ချင်းလူမျိုး ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား တီရယ်လ်ထန် ဟာ ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီလောက်မှာ စိန်ခေါ်ပွဲ ထိုးတော့မှာပဲဖြစ်ပါတယ်။ တီရယ်လ်ထန် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဂျပန်ဖိုက်တာ နာအိုကီ ယူအီဒါ ပါပဲ။ အသက် ၂၇ နှစ်အရွယ် ယူအီဒါ ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ပွဲ ၂၀ ထိုးခဲ့ပြီးပါပြီ။ အဲ့ဒီစိန်ခေါ်ပွဲစဉ် ၂၀ မှာ ယူအီဒါက ၁၁ ပွဲနိုင်၊ ၂ ပွဲသရေဖြစ်ပြီး ၇ ပွဲ ရှုံးနိမ့်ထားပါတယ်။ တီရယ်လ်ထန် ကတော့ One Championship နဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက် အောင်မြင်မှု မရရှိတော့ပါဘူး။

မှတ်တမ်းကောင်းတွေ ရရှိထားတဲ့ နာဘီလ် ကို စိုးလင်းဦး ဖြိုနိုင်ပါ့မလား

Dawei Watch

August 14, 2024

သံမဏိစိုးကြီးကတော့ သူ့ရဲ့စတုတ္ထမြောက် စိန်ခေါ်ပွဲကို ရင်ဆိုင်ယှဉ်ပြိုင်ရပါတော့မယ်။ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ကိုရောက်ရင် သံမဏိစိုးကြီး လို့ ချစ်စနိုးခေါ်ကြတဲ့ စိုးလင်းဦးက ထိုင်း-အယ်လ်ဂျီးရီးယား ကပြား နာဘီလ်နဲ့ အားပြိုင်ရတော့မှာပါ။ စက်တင်ဘာလ ၂၇ ရက်နေ့၊ သောကြာညမှာ ကျင်းပမယ့် One Friday Fights 81 မှာ နာဘီလ်နဲ့ စိုးလင်းဦး တို့က ဘင်တမ်ဝိတ်တန်းပွဲစဉ်အဖြစ် အားပြိုင်ကြလိမ့်မယ်လို့ One Championship က သတင်းထုတ်ပြန်ထားပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ်ကို ကြိုဆိုမယ့် ကွန်မြူနတီဒိုင်းပွဲ လာပြီ

Dawei Watch

August 10, 2024

ဒီနေ့မှာ ကွန်မြူတီဒိုင်းလုပွဲကြီးကို ယှဉ်ပြိုင်ရပါတော့မယ်။ ကွန်မြူနတီဒိုင်းလုပွဲကြီး ရောက်ရှိလာတယ်ဆိုတာဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် စတင်ဖို့အတွက် သီတင်းပတ် တစ်ပတ်ပဲ လိုတော့တယ်လို့ သံချောင်းခေါက်လိုက်တာပါပဲ။ ဒီနှစ်ရဲ့ကွန်မြူနတီဒိုင်းလုပွဲက မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်နေလို့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ မန်ယူဟာ မန်စီးတီးကို အနိုင်ယူပြနိုင်လေမလား ဒါမှမဟုတ်ဘဲ ပရီးမီးယားလိဂ် လေးရာသီဆက်ချန်ပီယံ မန်စီးတီးကပဲ ကွန်မြူနတီဒိုင်းဆုရှင်ဖြစ်သွားလေမလားဆိုတာကို စောင့်ကြည့်ကြရတော့မှာပါပဲ။ ဒီည မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမယ့် ဒီပွဲစဉ်ဟာ ပရိသတ်တွေကိုလည်း ရင်ခုန်သံမြန်စေပါလိမ့်မယ်။

တရုတ်အိုလံပစ်ကစားသမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရလေသလား?

Dawei Watch

August 6, 2024

စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ တရုတ်အိုလံပစ်ကစားသမားတွေဟာ စခန်းသွင်းလေ့ကျင့်ခံခဲ့ရစဉ်အခိုက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရလေသလားဆိုတာပါပဲ။ အမျိုးသားနှစ်ယောက်တွဲ ဒိုင်ဗင်ပြိုင်ပွဲမှာ ရွှေဆုဆွတ်ခူးသွားတဲ့ တရုတ်ကစားသမားနှစ်ယောက်ကို ပြိုင်ဘက်ကစားသမားတွေက “ဘယ်လိုတွေ လေ့ကျင့်ခဲ့ကြရသလဲ”လို့ မေးခွန်းထုတ်လိုက်ချိန်မှာ ထင်မှတ်မထားတဲ့ အဖြေစကားကို တရုတ်ကစားသမား နှစ်ယောက်ဆီက ကြားသိလိုက်ရပါတယ်။ အဲ့ဒါကတော့ သူတို့ဟာ အိုလံပစ်အတွက် စခန်းသွင်းလေ့ကျင့်ခံရတဲ့အချိန်ကစလို့ မိသားစုနဲ့ မတွေ့ရတာ ၃ နှစ်တောင် ရှိသွားခဲ့ပြီဆိုတာပါပဲ။ အပြင်ထွက်လည်ခွင့် မရှိဘဲ တစ်နေ့ကို ၁၂ နာရီလေ့ကျင့်ရင်း ဘဝကိုဖြတ်သန်းနေခဲ့ရတယ်လို့ တရုတ်ကစားသမား နှစ်ယောက်က ပြောပြခဲ့ကြပါတယ်။ ဒီတော့ တရုတ်အိုလံပစ်ကစားသမားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရလေသလားလို့ မေးခွန်းမေးရဖို့ ရှိလာခဲ့ပါပြီ။